56

2.8K 468 194
                                    

အဆက်မပြတ်မြည်နေသော ဖုန်းသံကြောင့် ခိုင်မြဲနှောင် ဆက်အိပ်လို့မရ။

"ဟယ်လို"

ဖုန်းထူးသံသည် အိပ်ချင်မူးတူး ဘောက်ဆတ်ဆတ် ဖြစ်နေလိမ့်မည်။

"ခိုင်မြဲနှောင်ရေ့ မီးငယ်ကတော့ ငါနဲ့စကားများပြီး အိမ်ပေါ်ကဆင်းသွားပြီ နင့်ဆီလာလိမ့်မယ်၊ စိတ်ချမ်းသာအောင် ထားပေးလိုက်စမ်းပါ"

"ကျစ်"

ကိုယ့်ကိစ္စနဲ့ကိုယ်တောင် အိပ်ရာထဲက မထနိုင်တာကို အရှုပ်တွေက လာငြိနေသည်။ သူ့စိတ်ချမ်းသာအောင် ထားပေးနိုင်ဖို့နေနေသာသာ ကိုယ့်ဟာနဲ့ကိုယ်တောင် စိတ်ညစ်လို့သတ်သေနိုင်သည့် အခြေအနေ။

"ကျွန်‌တော် နေမကောင်းဘူး ဒေါ်လေးငယ်၊ မီးမီးကို ပြန်လာခေါ်သွား"

"အဲ့လို ရာဇဝင်ရှိမတဲ့လား၊ တင်မီမီကိုကို လာစိန်ခေါ်နေတဲ့ မယ်မင်းမ၊ မှတ်လောက်အောင် ပစ်ထားဦးမယ်၊ အမေမရှိဘဲ ဒင်းဘယ်လောက် လူမွေးပြောင်မလဲ ကြည့်ရသေးတာပေါ့၊ နင်စောင့်ရှောက်ထားလိုက်"

လုပ်ပြီ ဒေါ်လေးငယ်ကတော့...။ သားအမိနှစ်ယောက် ခွန်းကြီးခွန်းငယ် စကားများခဲ့ကြပုံ။ မီးမီးကလည်း အမေဖြစ်သူနှင့် စရိုက်တူသောကြောင့် မဟုတ်မခံ ဟုတ်လည်းမခံ သိပ်စွာ၏။ သားအမိနှစ်ယောက် ထိပ်တိုက်တွေ့သောအခါ တစ်ဦးနှင့်တစ်ဦး အထိနာကြသည်။

သားအမိနှစ်ယောက် စကားများတိုင်း အိမ်ပေါ်က တစ်ယောက်မဟုတ်တစ်ယောက် ဦးနှင့်အောင် ဆင်းကြ၏။ ဆင်းသည့်အခါတိုင်း သူတို့စိုက်ရောက်ရာ ဌာနေသည် ခိုင်မြဲနှောင် ကွန်ဒိုတိုက်ခန်းပဲဖြစ်၏။ ဒီတစ်ကြိမ်၌ မီးမီးက လက်ဦးမှုရယူပြီး အမေဖြစ်သူထက်အရင် အိမ်ပေါ်ကဆင်းလာပုံ။ တစ်ပတ် ဆယ်ရက်လောက်တော့ သူ့အိမ်မှာ မီးငယ် သောင်တင်နေဦးမည်။

သူ့လက်ရှိစိတ်အခြေအနေနဲ့ ကလေးထိန်းရန်အာရုံမလာသေး၍ ရအောင် ငြင်းရမည်။

"ဒေါ်လေးငယ်ရာ အခု အချိန်အခါကောင်းမဟုတ်သေးလို့ပါ၊ တောင်းပန်ပါတယ် ရှီကြီးခိုးပါရဲ့၊ ကျွန်တော်ဟာနဲ့ကျွန်တော်တောင် အဆင်မပြေလို့ မီးငယ်ကို ခေါ်ထားဖို့ မဖြစ်နိုင်လို့ပါ"

ChillWhere stories live. Discover now