77

1.6K 274 65
                                    

"သော် ဘာဆက်လုပ်မှာလဲ"

အခေါ်ရှိ၍ ဒေါ်မြတ်ရတနာဖြိုးရုံးခန်းသို့ ယသော် ရောက်နေသည်။

"စီစဉ်ထားတဲ့အတိုင်း ဆက်သွားမှာပါ၊ သတ်မှတ်ထားတဲ့ရုံတွေမှာ ရုံတင်ရက်အပြည့် ရုပ်ရှင်ကို ပြမယ်၊ တစ်ခုပဲ တိမ်တမံနဲ့ပရိသတ်တွေကို ဆုံပေးဖို့ အချိန်ကောင်းမဟုတ်လို့ Promotionပွဲတွေကို ဖျက်ရလိမ့်မယ်"

"အွန်လိုင်း မကြည့်ဘူးလား"

"........"

"အွန်လိုင်းမှာ တိမ်တမံရဲ့ ရုပ်ရှင်ထက် သူ့ရဲ့ sex Videoက ပို trendဖြစ်နေတယ်၊ ရုပ်ရှင်ကို ကောင်း၏ ဆိုး၏ ဘယ်သူမှ စိတ်မဝင်စားဘူး၊ ဒါက ထုတ်လုပ်သူတွေအတွက် ဘယ်လောက်နစ်နာလဲ သော် သိလား"

အန်တီမြတ်က သူ့အကျင့်အတိုင်း အေးအေးဆေးဆေး ပြောနေသော်ငြား ပြဿနာ မသေးတာ သော်သိသည်။

"ဒီပုံစံအတိုင်းဆို တစ်ပတ် ... တစ်ပတ်ပဲ ရုံတင်ခွင့်ရလိမ့်မယ်၊ တို့တွေ အတွက် အများကြီး ဆုံးရှုံးတယ် ဒါထက်ပို အရေးကြီးတာက မင်း ဂုဏ်သိက္ခာ"

သူဖျတ်ခနဲ မော့ကြည့်မိသည့် အခိုက် အန်တီမြတ်သည် အံဆွဲထဲက ဓာတ်ပုံများကို စားပွဲပေါ် တင်လာသည်။

"တိမ်တမံရဲ့ Videoက သော်နဲ့ မဟုတ်ဘူးဆို ...သော် ပရိသတ်တွေ ထောက်ပြလာတယ်... တကယ်ပဲလား ... တကယ်ပဲ တိမ်တမံက နောက်တစ်ယောက်နဲ့ ဖောက်ပြန်ခဲ့လား"

တမံ Videoထဲက အစိတ်အပိုင်းများ။ ဗီဒီယိုထဲ တမံမျက်နှာကိုသာ ရှင်းရှင်းလင်းလင်း ပေါ်လွင်လျက် တစ်ဖက်လူပုံမပါ။ သို့သော် ဟာကွက်ရှိသည်။ တစ်ဖက်လူ၏ လက်ချောင်းများ။ ယသော်နှင့်မတူ သိသိသာသာကွဲပြားနေသော လက်ချောင်းပုံစံကြောင့် တိမ်တမံနှင့် ဗီဒီယိုထဲကသူသည် ယသော်မဟုတ်ဟု သတိထားစရာဖြစ်လာသည်။

ဒါက ပိုပြဿနာကြီး၏။

"တိမ်တမံက တကယ့် ဇာတ်ရှုပ်ပဲ၊ ငါ ဂရုမစိုက်ဘူး၊ ငါ့ တူ မင်း ဂုဏ်သိက္ခာလောက် ရုပ်ရှင်ကရမဲ့ အကျိုးအမြတ်က အရေးမကြီးဘူး၊ အန်တီမြတ် ဒီကိစ္စကို ကိုင်တွယ်မယ်"

"မလုပ်ပါနဲ့"

ဒေါ်မြတ်ရတနာဖြိုး မင်သေသွားသည်။

ChillWhere stories live. Discover now