20

3.8K 841 226
                                    

"မံမံ စိတ်မဆိုးပါနဲ့တော့၊ ကိုယ်က ကိုယ့်မွေးနေ့ကို ပြောပြတာပါဆို"

"ဘယ်သူက ဆရာမွေးနေ့ကို သိချင်နေလို့လဲ"

ခြင်းတောင်းထဲက စတီးဂျိုင့်ပြောင်ပြောင်ကို ဆွဲထုတ်၍ တမံအော်ပစ်လိုက်သည်။

"မံမံကလွဲရင် အကုန်သိချင်ကြတယ်"

"သိချင်တဲ့သူကို သွားပြောလေ၊ ဘာလို့မံကို... ကျစ်"

တမံဆက်မပြောဘဲ စုပ်သပ်လိုက်ပြီး ထမင်းဂျိုင့်ကို ဂျောက်ခနဲ မြည်အောင် ဖွင့်လိုက်သည်။ ငါးလပိုင်းကစ၍ စနေ၊ တနင်္ဂနွေနေ့များ၌ ကျူရှင်တစ်နေကုန် တက်ရသည်။ ထမင်းစားချိန်အပါအဝင် ကြားနှစ်နာရီအနားပေးပြီး နေ့လည်တစ်နာရီမှာ အတန်းချိန်ပြန်စသည်။

အချို့က အိမ်ပြန်ထမင်းစားကြသလို အချို့က ထမင်းဂျိုင့်ယူလာပြီး ကျူရှင်မှာ စားလိုက်ကြသည်။ ပိတ်ရက်အိမ်မှာ လူစုံနေလျှင် အိမ်မှာမနေချင်သော တမံက မနက်ရှစ်နာရီကနေ ညနေငါးနာရီ ကျူရှင်ဆင်းချိန်အထိ အိမ်မပြန်။ နေ့လယ်ရောက်တော့ အိမ်ကနေ ထမင်းချိုင့်လာပို့လေ့ရှိသည်။

"မံမံက မသိချင်ပေမဲ့ ကိုယ်ကသိစေချင်တယ်လေ"

"သိစေချင်လည်း ရိုးရိုးသားသားပြောလေ၊ ဘာလို့ သက်သက်မဲ့"

"ရိုးရိုးသားသားပြောလိုက်ရင် မံ မေ့သွားပေါ့၊ အခု ကိုယ့်မွေးနေ့ ၃၀ရက်၆လပိုင်း ၃၀၆ကို မံမံ ဘယ်တော့မှ မေ့တော့မှာမဟုတ်ဘူးလို့ ကိုယ်ယုံတယ်၊ ဘာလို့ဆို"

ဂျိုင့်ဂိုင်းဖြုတ်ပြီးသော်လည်း ဂျိုင့်တွေကို မဖွင့်သေးဘဲ တမံက ယသော်ဆက်ပြောမှာကို သိလိုစိတ်ဖြင့် မျက်လုံးဝင့်ကြည့်လာသည်။

"မံမံက ဉာဏ်ကောင်းတဲ့ကလေးမိုလို့"

"ဒီနည်းနဲ့မဟုတ်ဘဲ ဆရာရိုးရိုးသားသားပြောခဲ့ရင်လည်း မံ မှတ်မိနေမှာပါ... ဆရာပြောသလို မံ က ဉာဏ်ကောင်းတာမိုလို့"

"ဒီတစ်နှစ်စာအတွက်လား ... ကိုယ်က တစ်သက်စာအတွက် မှတ်မိစေချင်တာ"

".........."

"ဆရာသင်တဲ့ စာက နားလည်ရလွယ်လား၊ ခေါင်းထဲစွဲလား မံမံ"

ChillWhere stories live. Discover now