51

2.3K 430 157
                                    

Kyleက သော်ကိုမကောင်းကြံနေတယ်။ သော်အတွက် တမံက အရေးပါတဲ့လူဖြစ်လို့ သော်လက်ထဲကနေ တမံကိုလုယူခဲ့တာဖြစ်နိုင်တယ်။ သေချာစဉ်းစားကြည့်တော့မှ Kyleက သော်ကိုအခက်တွေ့ဖို့ ရည်ရွယ်ပြီး အကွက်ကျကျ လုပ်ဆောင်ခဲ့တာတွေက တရေးရေးပီပြင်လာတယ်။ သွေးအေးအေးထားပြီး တဆင့်ခြင်းလုပ်ကွက်တွေက တော်ရုံအငြိုးကြီးတာတော့ မဟုတ်ဘူး။ သော်နဲ့Kyleကြား ဘာရန်ငြိုးရှိခဲ့တာလဲ။ သော်ကိုယ်တိုင်လည်း သိပုံမရဘူး။ Kyleက တမံကို အသုံးချနေတာ။

သော်ကို ရန်ငြိုးထားတဲ့လူကိုမှ တမံချစ်မိသွားသည်။ သူ့အတွက်ကြောင့် သော်ကို နာကျင်ခံစားရအောင် တမံလုပ်မိသည်။ သူ့ဘက်ပါပြီး သော်ကို ဒုက္ခပေးခဲ့မိတာတွေ ရှိကောင်းရှိနိုင်သည်။ တွေးရင်းတွေးရင်း တဖြည်းဖြည်း တမံရင်ထဲနာလာသည်။ Kyleနဲ့သော်ကြားက မကျေလည်တာတွေကို တမံမသိ။ သော်က တမံအပေါ် ကောင်းခဲ့ပါလျက် တမံက သော်အတွက်မကောင်းတဲ့လူဖြစ်ခဲ့လျှင် တမံရင်နာလို့ဆုံးမှာမဟုတ်။ ဘာဖြစ်နေနေ တမံသည် သော်ဘက်ကပဲ ရပ်တည်ပြီး သော်ကို ကာကွယ်ပေးရမည်။ တစ်ဖက်လူက Kyleဖြစ်နေပါစေဦးတော့...။

တမံသိသွားတာနောက်တစ်ခုသည် Kyleက တမံကို မချစ်ဘူး၊ သော်ကို ခံစားရစေဖို့သပ်သပ် တမံကို အသုံးချနေတာဖြစ်နိုင်သည်။

တမံအိပ်ပျော်သွားသည်။ နိုးလာတော့ ခေါင်းထဲနောက်ကျိနေ၏။ ရေချိုးခန်းမဝင် အိမ်အောက်ထပ်က ဖုန်းကိုဆက်လိုက်သည်။ တော်တော်နှင့်ဖုန်းမကိုင်။

ဒီမိစန်းကတော့လား ..

ကြိမ်းနေတုန်းရှိသေး ဖုန်းကိုင်သည်။ မိစန်းပဲထင်ပြီး

"ငါခေါင်းကိုက်နေလို့ သံပုရာရည်ဖျော်ခဲ့"

"မောင်လေး အစ်မဖူးပါ၊ မိစန်း ဒီနေ့နေမကောင်းလို့ အဒေါ်ကြီးကို လွှတ်လိုက်မယ်နော်"

တမံမျက်မှောင်ကြုတ်သွား၏။

"မိစန်းက ဘာဖြစ်တာလဲ ဖျားတာလား"

"မဟုတ်ဘူး မောင်လေး Breakoutဖြစ်တာထင်တယ်၊ မျက်နှာတစ်ခုလုံး အဖုတွေထွက်ပြီး ယောင်နေတယ်၊ အစ်မစိတ်ထင် ဟိုskincare setနဲ့ မတည့်တာဖြစ်မယ်"

ChillTempat cerita menjadi hidup. Temukan sekarang