19

3.8K 829 223
                                    

"ပညာရွှေအိုး"နွေရာသီအကြိုကျူရှင် သင်္ကြန်ပိတ်ရက်ရှည်မတိုင်ခင် ကျူရှင်မှာ မုန့်လုံးရေပေါ် လုပ်စားကြသည်။ ကျောင်းသူကျောင်းသားတွေ တပျော်တပါး ဝိုင်းဝန်းကူညီကြ၏။ ပျော်ပွဲရွှင်ပွဲမို့ လာတဲ့သူရှိသလို မလာတဲ့သူရှိသည်။ လာတဲ့သူတွေထဲမှာ အလုပ်မကူ၊ ဟေးလေးဝါးလားမလုပ်ဘဲ စာထိုင်ကျက်နေသည့် ကျောင်းသားက တိမ်တမံတစ်ယောက်ပဲရှိသည်။

ကျောင်းသားတွေနဲ့စာရေးမတွေ သုတ်လွှတ်လိုက်တော့ ဆန့်မှုန့်ဖြူတွေ ပါးပေါ်ပေပွနေလျက် ယသော်သည် ထမင်းစားဆောင်ရှေ့ ကုက္ကိုပင်ကြီးအောက် စာထိုင်ကျက်နေသော တမံအနားဝင်ထိုင်လာသည်။ သူလာထိုင်တာ သိသည့်တိုင် အဖက်လုပ် ခေါင်းမော့မကြည့်လာသော တမံ။

ကျက်နေသော Chemistry Definationစာအုပ်ကို ဆွဲယူလိုက်သည်။ ထိုအခါ တမံလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး ယသော်ဆီကစာအုပ်ကို ပြန်လုလာ၏။ စာအုပ်ကိုအပါမခံဘဲ ကျောကုန်းနောက်ဝှတ်လိုက်တော့ စိတ်တိုသွားသောတမံသည် ယသော်ကို မကျေမနပ်ကြည့်လာသည်။

"စာအုပ်ပြန်ပေးပါ ဆရာ"

"မပေးဘူး၊ ဒီနေ့က စာကျက်တဲ့နေ့မဟုတ်ဘူး"

ဘာပြန်ပြောလို့ပြောရမှန်းမသိဖြစ်နေသော နှုတ်ခမ်းလေးက လှုပ်ရွနေသော်လည်း စကားသံမထွက်လာ။ မျက်လွှာအောက်စိုက်သွားပြီး သက်ပြင်းတစ်ရှိုက်ဖွဖွချကာ

"မံစာမရရင် ဆရာဆူဦးမှာမဟုတ်လား၊ အိမ်မှာအပြည့်အဝ အဆူခံရပြီးပြီမို့ ကျူရှင်မှာပါ မံ ထပ်အဆူမခံချင်ဘူး၊ မံကို စာအုပ်ပြန်ပေးပါ"

"အဲ့လိုအဖြစ်မျိုး ထပ်မဖြစ်စေရတော့ဘူး၊ တမံကို ကိုယ်အဲ့လိုမကောင်းတဲ့စိတ်နဲ့ ထပ်အခက်တွေ့စေမှာ မဟုတ်တော့လို့ပဲ"

မျက်တောင်ဖျားလေး လှုပ်ခတ်သွားပြီး မရဲတရဲမျက်လွှာပင့်ကြည့်လာ၏။ တမံလက်ဖမိုးကို လှမ်းအုပ်ကိုင်လိုက်ကာ

"ကိုယ်က ဆရာလေ၊ ကိုယ့်တပည့်အတွက် ကိုယ်က ဆရာပဲဖြစ်ချင်တယ်၊ ဒဏ်ရာမဖြစ်ချင်ဘူး"

"ဆရာ"

"ဒီနေ့က စာကျက်တဲ့နေ့မဟုတ်ဘူး တိမ်တမံ၊ စာကျက်ချိန်တန်ကျက်ပြီး ပျော်ချိန်တန်ပျော်ရမှာပေါ့၊ တမံပျော်ချင်လို့ ဒီနေ့ကျူရှင်ကိုလာခဲ့တာမဟုတ်ဘူးလား"

ChillWhere stories live. Discover now