72

2K 305 55
                                    

အိမ်ပြန်ချိန်တွေ အတူလျှောက်လည်
နေဝင်ချိန်ဆို အတူရှိမယ်
ကိုယ်တကယ်ချစ်သော မင်းကလေးနဲ့
အတူရှိတဲ့ဘဝ ဘယ်လောက်ကောင်းလိုက်မလဲ ....

ဆိုင်ထဲက သူတို့ထွက်လာချိန် ညမှောင်ရီပျိုးနေပြီ။ ရန်ကုန်မြို့လယ်ခေါင်ထဲ လမ်းသွားလမ်းလာများ စည်ကားနေလျက် လမ်းမီးတိုင်များ တောက်လျှောက် လင်းထိန်နေ၏။ Kyleက အရှေ့က သွားနေပြီး ကားပေါ်တက်ရန်အလုပ် ကားတံခါးလောခ့်မဖွင့်သေး၍ တမံကို အနောက်ပြန်လှည့်ကြည့်သည်။

"ရင်ပြင်နဲ့ ဒီနား နီးနီးလေးပဲ လမ်းလျှောက်သွားရင် ရတယ်"

ကားသော့ရီမုက တမံလက်ထဲမှာ။ တမံသည် ကားလော့ခ် မဖွင့်သေးဘဲ နားရွက်ကုတ် ခေါင်းကုတ်လုပ်ကာ မမြင်ရသော ရင်ပြင်ရှိရာသို့ မေးထိုးပြ၏။

"ဪ"

"မံ အချိုတွေ အများကြီးစားပြီး အီနေတယ်"

"ရှောက်သီးဆေးပြားငုံလိုက်"

"မံ မနက်ဖြန် ကြော်ငြာရိုက်ဖို့ရှိတယ်၊ အဆီတက်နေလို့မဖြစ်ဘူး ကိုယ်လက်လှုပ်ရှားပေးမှ အဆင်ပြေလောက်မယ်"

"အေး"

Kyleမျက်လုံးထဲ တမံပုံစံက နေ့ချင်းညချင်း ဘာမှမပြောင်းလဲသွား၍ ပေါ့ပေါ့တန်တန် ပြန်ဖြေသည်။ Kyleက တမံနှင့်အတူစားခဲ့သော အချိုမုန့်တို့အတွက် နည်းနည်းလေးမှ နောင်တမရှိ။ တိမ်တမံနဲ့သာဆို ခိုင်မြဲနှောင်က ညတိုင်း ဒီမုန့်တွေစားရလည်း ညည်းညူမိမှာ မဟုတ်ကြောင်း ဂုဏ်ဖော်မပြောဖြစ်ပါ။

"လမ်းအတူတူ လျှောက်မလား ... ဒီကနေ ရင်ပြင်ကို ... "

ကားတံခါးပွင့်လာရန်ပဲ စိတ်ရှိနေသည့် Kyleသည် အစီအစဉ်မကျသော တမံစကားကြောင့် မထုံတတ်သေး လှည့်ကြည့်လာ၏။ ထိုစကားပြောနေချိန် တမံသည် Kyleနှင့် မျက်နှာလွှဲ ထားသည်။ လမ်းမပေါ် ဝှီးခနဲဝှီးခနဲ ဖြတ်ပြေးသွားသော ကားတို့ အဆက်ပြတ်သွားသောအခါ သူတို့နှစ်ယောက်ဝန်းကျင် ရုတ်ချည်း တိတ်ဆိတ်၏။ ညမီးတိုင်အောက် တမံခေါင်းပေါ် ဖြုတ်ကောင်ပိစိလေးများ ဝိုင်းကြီးပတ်ဒူဝေဝေ ဆော့ကစားနေသည်။

ChillWhere stories live. Discover now