60

3.3K 393 189
                                        

အချိန်နှင့်အမျှတိုးတက်နေသော ခေတ်ကာလကြီးထဲ ငယ်ငယ်ကနေထိုင်ခဲ့သော ရပ်ကွက်မြို့နယ်ဆိုတာ ရန်ကုန်မြို့လယ်ခေါင်နှင့် ယှဉ်လျှင် ဆင်ခြေဖုံးသာသာဖြစ်နေပြီ။ Kyleက သူ့MVကို တမံတက်ခဲ့သော အထက်တန်းကျောင်း၌ ရိုက်ကူးသည်။ Copy,Pasteချသလို အတိအကျပင်။ Locationပင် မပြောင်းမရွေ့နိုင်အောင် Kyleက အပိုတွေ မစဉ်းစားနိုင်ရှာဘူးထင်၏။

ရုပ်ဆိုးနှင့်တမံ၏ ဇာတ်ဝင်ခန်းတို့ကို အထက်တန်းကျောင်း၌ အရင်ရိုက်ကူးမည်ဖြစ်ပြီး ယသော်ဇာတ်ဝင်ခန်းမပါသေး။ ယသော်ပါမည့်အခန်းက ဇာတ်အလယ်လောက်မှ ဖြစ်ပြီး ဇာတ်လမ်းတစ်ခုလုံးမှာ မံနှင့်ရုပ်ဆိုး ဇာတ်ဝင်ခန်းက ပိုများသည်။ ယသော်ပါဝင်ရမည့် ဇာတ်ဝင်ခန်းအတွက် Locationကို မြို့ထဲမှာတည်ရန် သဘောတူညီချက်ရထားသည်။

တမံလက်ရှိပြဿနာက သွားရလာရသည့် ခရီးအကွာအဝေးဖြစ်၏။ တမံတို့လက်ရှိနေထိုင်သော နေရာမှ ရိုက်ကွင်းတည်ရာ အထက်တန်းကျောင်းသို့ ကားပိတ်လမ်းပိတ်နှင့် အနည်းဆုံး တစ်နာရီကျော် အချိန်ပေးရသည်။ လာသည့်လမ်း ပြန်သည့်လမ်း အသွားအပြန် တမျှော်တခေါ်။ Kyleက လူကိုသက်သက်ခေါ် ညှင်းဆဲနေသလား မသိ။

ငယ်ငယ်ကတက်ခဲ့သော ကျောင်းဖြစ်သော်လည်း အမှတ်တရ ထွေထွေထူးထူးမရှိခဲ့၍ တမံအတွက် သံယောဇဉ်တွယ်စရာမရှိ။

"သော်က ဒီအထိရောက်လာပြီးတော့ မံကိုတောင် လာမတွေ့သွားဘူး"

တမံဗျစ်တောက်ဗျစ်တောက်ပြောနေတာကို ရဲရဲက မကြားချင်ယောင်ဆောင်နေသည်။ Zylenဇာတ်ဝင်ခန်းမပါသေးသော်ငြား Zylenက သူပါဝင်ရမည့် MVရိုက်ကူးရေး ပထမနေ့ကို မအားသည့်ကြားက ကိုယ်တိုင်လာရောက် ကြည့်ရှုအားပေးသွားသည်တဲ့။ ယသော်ကြည့်ရှုသွားသည့်ထဲ တိမ်တမံတော့ မပါ။

တမံကလည်း ဘယ်လောက်ပဲ သော်ဖြစ်နေပါစေဦး ဒီလိုသိသိသာသာကြီးတင်းမာပြနေတာကို အတင်းလိုက်မရောချင်။ကိုယ်က အပြစ်လုပ်ထားသူ၊ ခွင့်လွှတ်ပေးရန် ခက်ခဲနေသည့်သူ့အား မျက်နှာပြောင်တိုက်၍ တောင်းပန်မနေချင်ပါ။ ကိုယ့်အပြစ်နှင့်ကိုယ်ရှိပါစေ။ သော်က ကင်းကင်းဆို တမံကလည်း ရှင်းရှင်းပဲ နေပေးလိုက်မည်။

ChillWhere stories live. Discover now