22

4.3K 863 393
                                        

Past Perfect Tense

နွေရာသီကျောင်းပိတ်ရက်ရှည်ကြီးပြီး မိုးရာသီအစ မိုးတဖွဲဖွဲကျနေလျက် မိုးမှောင်ကြီးကျ အုံ့မည်းနေသော ကောင်းကင်ကြီးအောက် သစ်လွင်တောက်ပတဲ့ အဖြူအစိမ်းကျောင်းဝတ်စုံ ကိုယ်စီနဲ့ ကျောင်းသူကျောင်းသားတွေဟာ ကျောင်းတော်ကြီးထဲ ပရွက်ဆိတ်ကလေးတွေပမာ ရွစိရွစိတက်နေသည်။

"ဆယ်တန်း A ခန်းက ဘယ်အဆောင်လဲဟင်"

ကျောင်းသားအုပ်ကြား အရပ်ကလန်ကလား ရှည်မြောမြောကြီးဖြစ်နေတဲ့ ခိုင်မြဲနှောင်အသံက သွားကြားထဲက လေထွက်နေ၍ မပီကလာပီကလာ ဝူးဝူးဝါးဝါး။ မသိလျှင် သူ့ကို A ခန်းကလို့ထင်တော့မည်။ ကိုးတန်းတုန်းက A ခန်းဖြစ်ခဲ့တဲ့ ခိုင်မြဲနှောင်ဟာ ဒီနှစ်ဆယ်တန်းမှာဘယ်အခန်းရမလဲ သူကိုယ်တိုင်လည်းမသိသေး။ သို့သော် ကျောင်းဝန်းထဲ စဝင်တည်းက တွေ့သမျှလူတိုင်းကို လိုက်မေးနေတာ ဆယ်တန်း A ခန်းတည်နေရာ။

ခိုင်မြဲနှောင် ရင်တဒိန်းဒိန်းခုန်နေတယ်။ သူ့အဖွဲ့ကိုယ့်အဖွဲ့ ကျောင်းသားတွေကြား တစ်ယောက်တည်း သင်းကွဲနေလျက် ဟိုပြေးလိုက်ဒီပြေးလိုက် မောရကောင်းမှန်းမသိအောင် သုံးလကြာမတွေ့ခဲ့ရတဲ့ တစ်ယောက်သောသူကို သူလိုက်ရှာနေတယ်။ သူ အရမ်းတွေ့ချင်နေပြီ။

ဆယ်တန်းဆောင်လို့ ပြောလိုက်တဲ့ အဆောင်ဘက် သူကူးလာပြီ။ အရင်နှစ်တွေက ဆယ်တန်းဆောင်ကို သုံးထပ်ကျောင်းဆောင်မှာ သီးသန့်ခွဲထားပေမဲ့ ဒီနှစ်တော့ ဒီဘက်တစ်ထပ်ဆောင်တွေမှာပဲတဲ့။ အရင်နှစ်နဲ့မတူလို့ လမ်းညွှန်လိုက်တဲ့ကျောင်းသားများ စသလားနောက်သလား သံသယစိတ်တွေက... ဒီနှစ်၏ဆယ်တန်းဆောင် ကော်ရစ်တာ ဟိုးအစွန်း တံစက်မြိတ်အောက် ရပ်နေတဲ့ အဖြူအစိမ်းဝတ် ကျောင်းသားတစ်ယောက်ကြောင့် လွင့်ပါးသွားရတယ်။

တိမ်တမံ...

နွေရာသီကျောင်းသုံးလပိတ်တဲ့အတောအတွင်း တိမ်တမံက ပိုလို့တောင် အသားအရေနုဖက်ကြည်စင်လာပြီး ချောမောလာတယ်။ တံစက်မြိတ်အမိုးအောက်ကနေ တစက်စက် ကျနေတဲ့ မိုးရေစက်တို့ကို မော့ငေးကြည့်နေတဲ့ တိမ်တမံက မိုးကျရွှေကိုယ်လေး။

ChillDonde viven las historias. Descúbrelo ahora