"မံမံ ရဲရဲတို့ သွားသင့်ပြီထင်တယ်နော်"
ဂိမ်းဆော့နေရင်းက လက်မှာပတ်ထားသောနာရီကို တစ်ချက်ငုံ့ကြည့်သည်။
"ဟင့်အင်း မသွားသေးဘူး"
ဂိမ်းကိုဆက်ဆော့၏။
"မံရေ့ ချိန်းထားတဲ့အချိန်ထက် နာရီဝက်ကျော်နောက်ကျနေပြီ၊ မံ အခုတွေ့ရမဲ့လူတွေက အကောင်ကြီးကြီးတွေနော်၊ မခန့်လေးစား သွားလုပ်လို့မရဘူး"
ဘယ်လောက်ပဲအချိုးမပြေမပြေ ကိုယ့်မင်းသားဖြစ်၍ သံယောဇဉ်ကလေးရှိပါ၏။ ကိုယ့်ကိုဆို အကောင်းမမြင် နာခံသမှုမရှိမှန်းသိပါလျက် မနေနိုင်ဘဲ ကရုဏာစကားပြောပြောထွက်သွားသည်။
"လုပ်တော့ဘာဖြစ်လဲ၊ တမံက အားလုံးထက် နောက်ကျပြီးမှ ဝင်သွားမှ၊ အဲ့ဒါမှ အားလုံးရဲ့ attentionက မံဆီရောက်လာမှာ"
အဲ့လို အဲ့လို၊ အကျင့်က အဲ့လို။ တကယ်တော့ ချိန်းထားတဲ့နေရာကို သူတို့အစောဆုံး ရောက်နေတာ။ Music Showတစ်ခုမှာ တမံကို MCအဖြစ်ကမ်းလှမ်းချက်အား တာဝန်ရှိသူတွေနှင့်တွေ့ဆုံဆွေးနွေးဖို့ အစည်းအဝေးတစ်ရပ်။
တစ်ခုခုဆို စိတ်လှုပ်ရှားကြွက်တက်လွယ်သည့် တမံသည် ကိစ္စအထူးရှိပြီဆို အများထက် သူကအရင် ခြေမကိုင်မိလက်မကိုင်မိ ကတုန်ကယင်ဖြစ်ရသည်။ ဒီနေ့အစည်းအဝေးအတွက် မနေ့ညက တမံအိပ်မပျော်နိုင်လောက်။
အတွေးတွေများ စိတ်လှုပ်ရှားနေရင်း အစည်းအဝေးအတွက် အကောင်းဆုံးဖြစ်အောင် စိတ်ကူးထဲမှာ ကြိုတင်ပြင်ဆင်မှုတွေရှိနေလိမ့်မည်။ ချိန်းထားတဲ့အချိန်ထက် အစောကြီးရောက်နှင့်နေပြီး ကားထဲမှာ နှစ်နာရီလောက် အချိန်ဖြုန်းရင်း ဂိမ်းထိုင်ဆော့နေသည်။
အကြောင်းအရင်းက သူကသူများထက်အရင်စောရောက်ပြီး မရောက်သေးသောသူတွေကို တစ်ယောက်ချင်းစီ ထိုင်စောင့်ရတာမျိုး မဖြစ်ချင်လို့တဲ့။ အားလုံးလူစုံပြီးမှ သူကကြော့ကြော့မော့မော့လေး ဝင်လာမည်။ ထိုအခါ လူအားလုံး၏အကြည့်တို့သည် သူ့ဆီ ရောက်လာလိမ့်မည်တဲ့။
အခုအစောင့်ကောင်းလို့ နောက်ကျနေပြီ။ ကားပါကင်ကနေ တစ်ယောက်ပြီးတစ်ယောက် တက်တက်သွားကြတာ မျက်မြင်ကိုယ်တွေ့။ လူစုံနေပြီဖြစ်တာကို အခုထိ ကားပါကင်ထဲက ကားအပြင်ဘက်ခြေမချသေးသော တမံကို ရဲရဲအသည်းယားလာသည်။
![](https://img.wattpad.com/cover/183158794-288-k290517.jpg)
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020