76

2.1K 315 39
                                    

ရုပ်ရှင်၌ပါဝင်ထားသော အဓိက ဇာတ်ဆောင်များ၊ ဒါရိုက်တာကို မီဒီယာ စာနယ်ဇင်းသမားများက မေးခွန်းများ တစ်လှည့်စီ မေးမြန်းနေကြချိန် လိုင်းပေါ် တက်လာသော ဗီဒီယိုကြောင့် တစ်ယောက်အနား တစ်ယောက်ကပ်ကာ တိုးတိုးတိုးတိုး ပြောနေကြပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။ မေးခွန်းများ အဆက်ပြတ်သွားသည်။

ကိုစံလင်းက ဘာမှမသိသေးသော တိမ်တမံနားရောက်လာပြီး

"တမံ အခုချက်ချင်း လိုက်ခဲ့မှ ဖြစ်မယ်"

တမံကိုလက်ဆွဲခေါ်၏။

"ဒီမှာ မပြီးသေးဘူးလေ"

သတင်းသမားတို့ကြား တိုးတိုးတိုးတိုး ကြိတ်ဖြစ်နေကြဆဲ

"မြန်မြန်လိုက်ခဲ့ သော် ခေါ်ခိုင်းတာ"

"ဘာဖြစ်လို့လဲ"

ယသော်က အကျယ်အကျယ်မဖြစ်စေနဲ့ မှာထားသည်။ တိမ်တမံက ဒီလိုခေါ်တိုင်း လိုက်မည့်လူမဟုတ်၍

"မင်းရဲ့ sex tape လိုင်းပေါ် ပြန့်နေတယ် အခုလိုက်ခဲ့တော့"

ကိုစံလင်းဆွဲခေါ်ရာနောက် စိတ်နဲ့ကိုယ်မကပ်သော ခန္ဓာကိုယ်ချည်းသက်သက် တမံ ပါလာတော့သည်။

********

တမံရုပ်ရှင် ပထမဆုံးပွဲကို မှီရန် မန်းလေးကနေ လေယာဉ်စီးပြီး ရန်ကုန်သို့ ဒုန်းဆိုင်း ပြန်လာသော Kyle။ အသင့်လာကြိုသောကားပေါ် တက်လိုက်စဉ် ပန်းဇလပ်ဝါဖုန်း ဝင်လာသည်။ အထုပ်တွေကားပေါ်တင်တာကို ထိုင်စောင့်နေရတာခြင်းအတူတူ ဖုန်းကိုင်လိုက်၏။

"Kyle တွေ့ပြီးပြီလားဟင်"

"ဘာပြောတာလဲ ကျွန်တော် အခုမှ ရန်ကုန်လေဆိပ် ရောက်တာ"

"တိမ်တမံ ပြဿနာအကြီးကြီး တက်နေပြီ"

တိမ်တမံဆိုသည်နှင့် သူ့ရင်အစုံ ခုန်လှုပ်ရ၏။ ဘာဖြစ်တာလဲ ပြန်မမေးနိုင်အောင် နှလုံးခုန်နှုန်း မြန်လာသည်။

"တိမ်တမံရဲ့ မကောင်းတဲ့ဗီဒီယို လိုင်းပေါ် တက်လာတယ်"

"ဘယ်လိုမကောင်းတဲ့ ဗီဒီယိုလဲ"

ပန်းဇလပ်ဝါအဖြေကို အသက်အောင့်ကာ သူစောင့်နေမိသည်။

"ခက်ပါတယ် ... မိန်းကလေးပါးစပ်ကနေ ဖွင့်ပြောလို့မကောင်းတဲ့"

ChillWhere stories live. Discover now