26

3.6K 861 401
                                    

"ကြာသာမိုကြို၊ ကိုယ်တို့ မံမံက အပြင်မှာထွက်ထိုင်နေပါ့လား"

ပြောနေရင်း ဆရာယသော်လက်က တမံ ဆံပင်တွေကို ဖွပစ်လိုက်တယ်။ ကုက္ကိုပင်ကြီးအောက် ထိုင်နေတဲ့ တမံအနား ဆရာယသော်ဝင်ထိုင်လာတယ်။ တမံလက်ထဲ စာအုပ်ကိုင်ထားပေမဲ့ မဖွင့်ရသေးလို့ စာကျက်နေတာမဟုတ်မှန်း သိလောက်တယ်။

"မံမှာ အစ်မ ရှိရင် ကောင်းမှာပဲ"

"......"

"အစ်မတွေက အစ်ကိုတွေနဲ့မတူဘူး၊ အငယ်တွေကို သိပ်ချစ်တယ်တဲ့၊ အထူးသဖြင့် မောင်တွေကိုပေါ့၊ မိဘတွေက သားအကြီးဆုံးကို အချစ်ဆုံးအားအကိုးဆုံးဖြစ်ပေမဲ့ သားကြီးတွေကတော့ အရွယ်ရောက်ပညာစုံ အချိန်တန်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တာနဲ့ မိန်းမနောက်ကောက်ကောက်ပါအောင် လိုက်သွားတတ်တယ်လို့ အိမ်အကူအဒေါ်ကြီးပြောတာ ကြားဖူးတယ်"

ထမင်းစားဆောင်က ခွေးတွေအတွက် ချကျွေးတဲ့ ထမင်းဟင်းခွက်ထဲကနေ ကျီးကန်းနှစ်ကောင်ဟာ အစာလုနေကြတာကို တမံငေးကြည့်ရင်း ပြောနေတယ်။

"မံလည်း အစက မယုံခဲ့ဘူး၊ ဒါပေမဲ့ အဲ့ဒီအဒေါ်ကြီးပြောတာ မှန်လောက်မယ်၊ ကိုကိုကြီးက အချိန်တွေကြာလာလေ အဒေါ်ကြီးပြောသလိုမျိုးဖြစ်လာလေပဲ"

တမံက သက်ပြင်းဖွဖွကလေးချပြီး ခြေဖမိုးကို ငုံ့ငေးကြည့်နေခဲ့တယ်။ အဲ့ဒီ့ပုံလေးက တမံ အားငယ်ဝမ်းနည်းနေတာဖြစ်ကြောင်း ယသော်ကို ခံစားနားလည်စေတယ်။

"မံ အစ်မကြီးပဲ လိုချင်တယ်၊ ကိုကိုကြီးကို ပြန်အမ်းလို့ရရင် ကောင်းမှာပဲ"

တမံပြောတာကို ဆရာယသော် ရယ်မလားထင်မိပေမဲ့ မရယ်ခဲ့ဘူး။

"ဆရာ ညနေပိုင်း ကိုးတန်းမှာ အတန်းချိန်ရှိလို့လား"

ဘေးမှာ ကပ်ထိုင်နေတဲ့ ဆရာယသော်ကို လှည့်ကြည့်ပြီး တမံမေးလိုက်တော့ ဆရာယသော်မျက်လုံးတွေဟာ တစ်မျိုးဖြစ်နေတယ်။ တမံကြည့်နေတုန်းမှာ ဆရာယသော်က မရှည်တဲ့ဆံပင်ကို နားအနောက် သပ်တင်လိုက်ပြီး ခြေထောက်ကိုစိ ပေါင်ကိုကျစ်လို့ ကြုံ့ကြုံ့ကလေးဖြစ်အောင် ကနွဲ့ကလျပြောင်းထိုင်လိုက်တယ်။

ChillWhere stories live. Discover now