"မြန်မာစံတော်ချိန် မနက်ရှစ်နာရီ ရှိသွားပါပြီခင်ဗျာ၊ Potatos Talker FMကနေ မနက်ခင်းပိုင်းတိုက်ရိုက်အသံထုတ်လွှင့်နေပါတယ်၊ ဒီနေ့မနက်ခင်းအတွက် Potatosတို့နဲ့အတူ ရှိနေပေးမှာက ကျွန်တော် ကိုလ်း နဲ့... Potatosတို့ထင်တာ မှန်ပါတယ် ... ကျွန်တော့်ပါတနာ ခိုင်(လ်) က အတူရှိနေမှာပါ"
"Hi Potatos... ကျွန်တော် ခိုင်(လ်) ပါ"
"ခိုင်(လ်)... ဒီနေ့မနက်ခင်း ဖေ့ဘုတ်ပွတ်ပြီးပြီလား"
"ဖေ့ဘုတ်? အိုး ... ကျွန်တော်ဒီနေ့ မနက်ခင်းပိုင်း Potatosတို့နဲ့တွေ့ဆုံဖို့အတွက် ဒီစတူဒီယိုထဲ အစောရောက်နှင့်နေခဲ့တာ၊ ဖေ့ဘုတ်ပွတ်ဖို့မပြောနဲ့ Breakfastတောင် မစားရသေးပါဘူး"
"သနားစရာ ခိုင်(လ်)လေးအတွက် မျက်ရည်နှစ်စက်ပါ"
ရယ်သံသဲ့သဲ့ကလေး။
"ဒီနေ့မနက်ခင်းပိုင်း ဖေ့ဘုတ်မှာ ဘာထူးခြားလို့လဲ၊ အသံလွှင့်နေတဲ့အချိန်မှာတော့ ကျွန်တော်တို့ရဲ့ ကိုလ်းက Potatosတို့အချိန်တွေကို တန်ဖိုးထားတဲ့အနေနဲ့ အပိုစကားမပြောနိုင်ဘူးလို့ထင်တယ်၊ တကူးတက ဖေ့ဘုတ်ကို အကြောင်းလုပ်ပြောနေမှာတော့ သေချာပေါက် ထူးနေပါပြီ"
"ဒီနေ့မနက်ခင်း လူငယ်တို့ရဲ့ဖေ့ဘုတ် Newfeedsတစ်ခွင်မှာ အရမ်း hotနေတဲ့ သတင်းတစ်ခုရှိပါတယ်"
"ဘာများပါလိမ့်"
"ဖေ့ဘုတ်မှာ We loveတွေအများကြီးပိုင်ဆိုင်ထားတဲ့ ယသော်တမံကာပယ်ကို ခိုင်(လ်)သိလား"
"မသိပါဘူး"
တစ်ဖက်လူ၏စိတ်ဝင်စားမှုမရှိသောခပ်ပြတ်ပြတ်စကားကြောင့် စကားကြောင်းနေသူတစ်ယောက် အသံခဏတိတ်သွားသည်။ စကားစဆွဲထုတ်ပေးဖော်မရသည့် ပါတနာတစ်ယောက်ကိုပဲ မျက်စောင်းခဲနေမလား။
"အင်း ဟုတ်ပါတယ် ကျွန်တော်ပြောတာကလည်း လူငယ်တို့ကြား hotနေတယ် လို့ပဲပြောတာပါ"
ကိုလ်းဆိုတဲ့တစ်ယောက်ကလည်း ခေတဲ့လူတော့မဟုတ်။ ပါတနာဖြစ်သူ ခိုင်(လ်)ဆိုသော တစ်ယောက်ကို သာသာနဲ့နာနာနှက်သည်။ လူငယ်တို့ကြား hotနေတာကို မသိဘူးလို့ ပြောလိုက်သော ခိုင်(လ်)ကပဲ လူငယ်မဟုတ်သလိုလို။
YOU ARE READING
Chill
Romanceစာရေးသူ၏ ခွင့်ပြုချက် မတောင်းဘဲ Audiobook ပြုလုပ်ခြင်း / ဇာတ်လမ်းအစအဆုံး နည်းအမျိုးမျိုးဖြင့် ပြန်လည်ကူးယူတင်ဆက်ခြင်း မပြုလုပ်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။ This story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ က...
