"တိမ်တမံ!"
ဒေါကြီးမောကြီး ခေါ်သံ။ အဘယ်မျှ ဒေါသလှိုင်းခက်ထန်နေပါသလဲဆိုလျှင် အသံ၌ မောဟတွေ လှိုက်မောတုန်ရီနေလျက် ၇ရက်၇ည အိပ်မက်ဆိုးထဲအထိ ခြောက်လှန့်နိုင်စွမ်းအားကောင်းသည်။
ရိုက်ကူးရေးအားလုံးပြီးစီး၍ အဝတ်လဲရန် အခန်းသို့ ခြေလှမ်းနေသော တိမ်တမံကို ပန်းဇလပ်ဝါက လက်တစ်ဖက်အား ခပ်တင်းတင်း ဆုပ်ညှစ်ကိုင်ကာ အဓမ္မဆွဲခေါ်သွားသည်။ ယောက်ျားနှင့်မိန်းမဖြစ်သော်ငြား ခပ်ပျော့ပျော့ တိမ်တမံထက် ပန်းဇလပ်ဝါက ပိုအားသန်သည်။
အရေးပေါ် လှေကားခန်းထဲဝင်ပြီး တံခါးကိုလော့ချပစ်သည်။ တမံ ပါးပေါ် ခပ်ပြင်းပြင်းလက်ဝါး တစ်ချက် ရောက်သွားသည်။ မိန်းမတစ်ယောက်၌ ရှိသင့်သည့်အားထက် အတွင်းအားသန်မာသူဖြစ်၍ တမံမျက်နှာ လည်ထွက်သွားရသလို ချက်ချင်း မျက်နှာပေါ် လက်ဝါးရာရဲတက်လာသည်။ မထင်မှတ်ထားသော ဆက်တိုက်တိုက်ခိုက်မှုများဖြစ်ပြီး အရိုက်ခံလိုက်ရစဉ် ဘာမှပြင်ဆင်ချိန်မရလိုက်၍ လှေကားလက်ရန်းကို တမံအမြန်ထိန်းကိုင်လိုက်ရသည်။
ပါးတစ်ဖက်ပူထူ လူကယိမ်းယိုင်နေသည်ပင်လျှင် တမံ အခုထိ လက်တွေ့ကို မယုံကြည်နိုင်သေး။ သူနှင့် မသက်ဆိုင်ပါသော အမျိုးသမီးက သူ့ကို ဤမျှ လက်ရဲဇက်ရဲနိုင်မည်ဟု အံ့ဩမဆုံး။ တမံသည် လူချစ်လူခင်များသောသူ မဟုတ်မှန်း ကိုယ့်ကိုယ်ကိုယ် သိပါ၏။ ထိုအမျိုးသမီးကဲ့သို့ အမုန်းကြီးမုန်းခံရတာမျိုး မကြုံဖူးခဲ့သလို ကြုံလာမယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် လက်မခံနိုင်။ တိမ်တမံသည် မည်သူ့ကိုမှ အကျိုးမပေးခဲ့သည့်တိုင် ဒုက္ခမပေးခဲ့ဖူးဟု ကိုယ့်လိပ်ပြာကိုယ်လုံခဲ့သမျှသည်...။
ထိုအမျိုးသမီး ဒီလိုလုပ်ရလောက်အောင် တမံ သူမအပေါ် မည်သို့သောအပြစ်ကြီးမျိုး ကျူးလွန်ခဲ့မိလဲ။ ကြမ်းရှရှ ဆံပင်တွေဖွာလန်ကြဲလျက် မီးဝင်းဝင်းတောက်နေသော မျက်လုံးမှေးကျဉ်းကျဉ်းတို့၏ ဝါးမြိုခြင်းခံနေရသောအခါ၊ စူတက်နေသော ပါးမို့ကြီးတွေက Kyle ရေရွတ်ခဲ့သော စုန်းမကြီးကို မျက်ဝါးထင်ထင် မြင်တွေ့နေရသလို။
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020