54

2.5K 429 107
                                    

"မလုပ်ချင်ဘူး"

"ဘာကိုလဲ"

"အခု‌ ဒေါ်လေးငယ်ပြောတာကို"

"ဘာရယ်"

သူမနှင့်စကားပြောနေတာကို စိတ်ပါလက်ပါမရှိ။ တစ်ချိန်လုံးဖုန်းကိုကြည့်ကာ ပျင်းတိပျင်းရွဲလုပ်နေသော Kyleကို တင်မီမီကို ဒေါသထွက်လာသည်။ စိတ်အလိုရှိတိုင်းသာဆို ပါးတွေနားတွေချည်း ရိုက်ချပစ်လိုက်ချင်သည်။ မျက်နှာသိငါးပိမဝယ်နဲ့ဆိုသော ရှေးစကားသိပ်မှန်၏။ Kyleနေရာမှာ အခြားသူစိမ်းသူရံဖြစ်မည်ဆို တင်မီမီကိုတို့ ဘယ်ပြောကောင်းမလဲ။ အမေဂျမ်းဆိုင်းတီးပြီး ထသောင်းကျန်းပစ်တော့မှာ။ စိတ်ကူးမိရုံနှင့် လက်ချောင်းတွေကို တင်းတင်းဆုပ်ချေမိ၏။ လက်ဆစ်ချိုးသံ တဖျစ်ဖျစ်ထွက်လာသည်။

ကိုယ့်အစ်မကြီး ဖူးဖူးမှုတ်ခေါင်းပေါ်တင်ထားရသည့် ဝမ်းမနာသား လင်ပါသားကို PROမှာ တော်တော်အခွင့်ထူးခံပေးထားရသည်။ မဟုတ်လျှင် မမကြီးနှင့် မျက်နှာပျက်စရာအထိဖြစ်နိုင်သည်။ မမကြီးက တစ်ချိန်လုံး ခိုင်မြဲနှောင်အတွက် ရတက်မအေးဖြစ်နေကာ ခိုင်မြဲနှောင်ဖြစ်ချင်တာကို တင်မီမီကိုက အနီးကပ် ဖြည့်ဆည်းအလိုလိုက်ပေးရန် မှာထားသည်။

အပူအပင် အခက်အခဲမရှိသည့် ခိုင်မြဲနှောင်က ဘဝကို ပေါ့ပေါ့နေနေတော့တာပဲ။ အဆိုတော် Odolတစ်ယောက်ဖြစ်ပါတယ်ဆို၍ RPOက လက်ခံခဲ့သော်ငြား အောင်မြင်ဖို့ စိတ်ဝင်တစား မရှိ။ ကောက်ရိုးမီးလို ဝုန်းခနဲ တက်ကြွသည့်အချိန်လည်းရှိသည်၊ ပြီး ဟုတ်ခနဲ ငြိမ်းပြီး ခွေခေါက်နေသော အချိန်လည်းရှိ၏။ ဒီပုံစံနှင့် အပြိုင်အဆိုင်များသော အနုပညာလောကမှာ ရေရှည် သူဘယ်လိုရပ်တည်မလဲ။ အပျော်တမ်းလုပ်နေတယ်ဆိုရအောင်လည်း PROက သူ့အတွက် အကုန်အကျခံထားတာ မနည်း။ သူ့မှာလည်း ဖန်တီးမှုတွေ ရှိနေပါလျက် ဘာကြောင့် ပွဲမထုတ်ချင်ရတာလဲ။

ဘာအလုပ်မှခိုင်းလို့မရ။ သူမလုပ်ချင်ဘူးဆိုတာနှင့် လက်လျှော့ခဲ့ရသော တင်မီမီကိုသည် ဒီတစ်ကြိမ်၌ သည်းမခံချင်တော့။

"ဘာလို့ မလုပ်ချင်ရတာလဲ၊ ပြောတော့ Zylenနဲ့တစ်တန်းတည်းဖြစ်ချင်တယ်ဆို အခု နင့်အဆင့် ဘယ်မှာရှိနေလဲ နင်ကိုယ်နင် သိရဲ့လား"

ChillWhere stories live. Discover now