"ဒီလောက်ထိ မလုပ်ပေးလည်း ရပါတယ်"
ဝါကို ထိုင်ခုံပေါ် ထိုင်စေပြီး Kyleကကြမ်းပြင်ပေါ် ဒူးတစ်ဖက်ထောက်လျက်။ ပွန်းပဲ့သွားသော ဒူးခေါင်းဒဏ်ရာအား Kyleကိုယ်တိုင်ဆေးလိမ်းပေးနေသည်။ ဝါ ကို Kyleက သူ့နားနေခန်းထဲထိ ခေါ်လာ၏။ Kyleကိုအားနာလို့ သူ့လက်ချောင်းသွယ်သွယ်တို့ကို ဝါ မဝံ့မရဲဖြစ်စွာ ဖယ်ပစ်လိုက်ပြီး ခြေထောက်နောက်ဆုတ်လိုက်သည်။
Kyleကဂရုမစိုက်ဘဲ ဒဏ်ရာပေါ် ပလာစတာသေချာကပ်ပေးပြီး ဒူးခေါင်းပေါ်လှန်တင်ထားသော ဂါဝန်စကို ဆွဲချကာ ဒူးဖုံးပေးလိုက်၏။ ဝါတစ်သက်တာမှာ သူစိမ်းယောက်ျားတစ်ယောက်၏ ထိုကဲ့သို့ ဂရုတစိုက်မျက်နှာသာပေးတာမျိုး မခံခဲ့ရဖူး။ ခံမဲ့ခံရတော့လည်း မယုံကြည်နိုင်လောက်အောင် နတ်သားတမျှ ချောမောကြည့်ကောင်းသည့် အဆိုတော်တစ်ယောက်ဆီက။
ခေါင်းငုံ့သွားပြီး ဆေးသေတ္တာထဲ ဆေးပစ္စည်းတွေတစ်ခုချင်းစီကို ကောက်သိမ်းနေသော သူ့ကို ဝါ သေချာလိုက်ကြည့်နေမိသည်။ သူက တကယ်ပဲ မိုးပေါ်က ကျလာတဲ့ နတ်သားလေးလား။ အဆင်းရော စိတ်ရင်းရော ပြည့်စုံကောင်းမွန်နေသည့် သူ့ကို ဝါအတွက် ကောင်းကင်က စေလွှတ်လိုက်တာလား။
"ပန်းဇလပ်ဝါ ... မဟုတ်လား"
သူပြောလိုက်တော့ ဝါ အံ့ဩရပြန်သည်။
"မှတ် မှတ်မိနေတာလား"
သူက ခေါင်းမော့လာပြီး နှစ်လိုဖွယ်ကောင်းအောင် ပြုံးလိုက်သည်။ စကားတစ်ခွန်းပြောဖို့အရေး အရင်ဆုံးပြုံးလေ့ရှိတာ သူ့အကျင့်လား။
"အမှတ်တမဲ့ဖြစ်ပေမဲ့ အမှတ်တရရှိပေးတဲ့အခါ ပျော်ရွှင်ရတယ်မဟုတ်လား၊ တို့ကြောင့် အဲ့လိုပျော်ရွှင်မှုမျိုး တပါးသူမှာဖြစ်စေချင်လို့ တို့တတ်နိုင်သမျှ မှတ်ထားတတ်ပါတယ်"
ထပ်ပြီး ဝါ ခေါင်းပေါ် သူ့ဖဝါးပြင်ကျယ်ကျယ်ကြီး အုပ်မိုးထိစပ်လာပြန်၏။ ပြီးနောက် သိမ်မွေ့နူးညံ့သော ပုတ်သပ်မှုလေးကြောင့် ဝါ ခေါင်းပုဝင်သွားရသည်။ ဆံပင်နှစ်ဖက်ခွဲစီးထားသော ဝါဆံပင်တွေက သူ့ပုတ်သပ်မှုကြောင့် ပွယောင်းမသွားနိုင်။
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020