62

2.5K 321 144
                                    

"အခု သော်ဘယ်မှာလဲ"

"မံတို့ကျောင်းကို သွားမလို့၊ မံတို့ စာသင်နှစ်က ကျောင်းသားစာရင်း စစ်ကြည့်မယ်"

မံ ချက်ချင်းထရပ်ပြီး အဝတ်ဗီဒီုဘက် ခြေဦးတည့်လိုက်သည်။

"မံ ပါ လိုက်ခဲ့မယ်"

ဗီဒိုထဲရှိ အလွယ်တကူဖြစ်သော အပေါ်ဝတ်ကို ခပ်သွက်သွက် ဆွဲယူပြီး တမံပြောရင်း မှန်တင်ခုံပေါ် တင်ထားသော လတ်တလော မံ ပတ်နေကျ နာရီကို ယူကာ အပြင်သွားရန် ပြင်သည်။

"လမ်းလွန်နေပြီ၊ မံကို လာခေါ်ဖို့ မကြုံတော့ဘူး"

အိပ်ခန်းတံခါးခြေကျော်ပြီးမှ တမံခြေလှမ်းတွေ ရပ်သွားပြီး

"ဒါဆိုလည်း ရတယ်၊ မံ ကိုယ့်ဘာသာ အနောက်က လိုက်ခဲ့မယ်"

ပိုက်ဆံအိတ်ကို သတိရပြီး အခန်းထဲ ပြန်ဝင်ရသည်။

"ကျစ် ကိုယ်ပြန်လှည့်လိုက်မယ်၊ မံ အခုအိမ်မှာမလား စောင့်နေ"

မှန်တင်ခုံပေါ် ပိုက်ဆံအိတ်လိုက်ရှာရင်း မတွေ့သည့်အဆုံး အပေါ်ဝတ်အင်္ကျီ အိတ်ကပ်ထဲ လျှောက်စမ်းသည်။

"အင်း အင်း မံ စောင့်နေမယ်"

ဖုန်းချလိုက်၏။

"ဘယ်နားထားမိတာလဲ"

မှန်တင်ခုံအံဆွဲတစ်ခုချင်း ဆွဲဖွင့်ရှာသည်။ ပိုက်ဆံအိတ်မတွေ့ဘဲ sunglassesကိုတွေ့၍ အပေါ်အင်္ကျီအိတ်ကပ်၌ ချိတ်လိုက်သည်။ အိပ်ရာပေါ် ပိုက်ဆံအိတ်ကို နောက်ဆုံးမှ တွေ့သည်။ မံ ယူစရာရှိတာ ယူပြီး အောက်ထပ်ဆင်းနှင့်လိုက်၏။

၁၅မိနစ်လွန်သောအခါ သော် ကားရောက်လာသည်။ အိမ်ထဲ သော်မဝင်သလို တမံလည်း မဖိတ်ခေါ်မိ။ ကားပေါ် တမံ တက်ပြီးပြီးချင်း သော်ကားမောင်းထွက်သည်။ တမံဘာစကားမှမဆိုဖြစ်ဘဲ လက်ချောင်းတွေအချင်းချင်း ဆုပ်နယ်လျက် စိတ်လှုပ်ရှားနေခြင်းကို မဖုံးဖိနိုင်ဖြစ်နေ၏။ ကားမောင်းနေရင်း သော်က တမံအရိပ်အကဲကြည့်၍ လက်ကို လှမ်းဆွဲယူသည်။ တမံ ငိုတော့မည့်မျက်နှာနှင့် သော်ကို ကြည့်မိပြီး

"သူဘာရည်ရွယ်ချက်နဲ့ ဒီဇာတ်လမ်းကို ပြန်အသက်သွင်းနေတာလဲ၊ အဲ့ဒီတုန်းက တစ်ယောက်နဲ့ Kyleက ဘာပတ်သက်လို့"

ChillWhere stories live. Discover now