33

3.6K 794 211
                                    

တိမ်တမံ Scheduleမှာ တစ်ပတ်ကိုနှစ်ရက် PRO Ent;၌ သရုပ်ဆောင်သင်တန်းအတွက် အချိန်ပေးရသည်။ တိမ်တမံအတွက် ရုပ်ရှင်ကားမရှိသေးသော်လည်း သရုပ်ဆောင်ပညာမှာ သိသင့်သိထိုက်သည်များအား ဝါရင့်သရုပ်ဆောင်ကြီးများမှ အတွေ့အကြုံနှင့်ယှဉ် ပို့ချမှုကို သင်ကြားစေသည်။

ဒါက PRO Ent;နှင့် စာချုပ်ချုပ်ဆိုထားသည့် တက်သစ်စများအတွက် ထူးထူးခြားခြားအခွင့်အရေးဖြစ်သည်။ PRO Ent; မှာ သက်ဆိုင်ရာ နယ်ပယ်အလိုက် Training ရှိသည်။ နာမည်ကြီးဇာတ်ဝင်ခန်းတစ်ခန်းကို လေ့ကျင့်နေတုန်း တံခါးခေါက်သံကြား၍ အရှိန်ပျက်သွားသည်။

"အားလုံးတောင်းပန်ပါတယ်နော်၊ ခွင့်ပြုပါ ... တိမ်တမံကို CEOရုံးခန်းအခုလာခဲ့ပါတဲ့"

တိမ်တမံက သင်ကြားပေးနေသည့် ဝါရင့်သရုပ်ဆောင် ဆရာမကြီးကို ကြည့်လိုက်သည်။ အမူအရာနဲ့ ခွင့်ပြုသောကြောင့် စကားတစ်ခွန်းမဆိုလိုက်ရပါဘဲ ဇာတ်ညွှန်းစာအုပ်ချပြီး လာခေါ်သူနောက် လိုက်သွားရသည်။ တိမ်တမံက မရင်းနှီးသောသူများနှင့် အပိုစကားမပြောတတ်။ မျက်နှာကို အပိုအလိုဖြစ်အောင် မရယ်ပြုံးနေတတ်။ အမြဲပုံသေ တစ်သမတ်တည်း ခပ်တည်တည်ပဲ။

CEOတင်မီမီကိုက အခေါ်လွှတ်လိုက်လို့ ကိုယ်တိုင်ဘာကိစ္စလဲ သိချင်နေပေမဲ့ တိမ်တမံပီသစွာ နှုတ်ခမ်းက တင်းတင်းစေ့ပိတ်ထားမိဆဲ။ တောင်ခနဲ ဓာတ်လှေကားတံခါးနှစ်ချပ်ပွင့်တော့ Kyleကို တွေ့လိုက်ရသည်။ Kyleကိုတွေ့လို့ မျက်နှာအမူအရာ ထူးထူးခြားခြား အသက်ဝင်လာသည့် တိမ်တမံသည် Kyleနှင့်အတူ ဘေးမှာ ရှိနေသော မမအရွယ်အမျိုးသမီးတစ်ဦးနှင့် တွေ့လိုက်ရသောအခါ အရှိန်တန့်သွား၏။

တစ်ချိန်တစ်ခါက ရုပ်ရှင်လောကမှ ဟုန်းဟုန်းတောက်အောင်မြင်ခဲ့ပြီး အခုတော့ ဇရာနဲ့ဇာတာကြောင့် ခေါင်းဆောင်မင်းသမီးမဟုတ်တော့သည့် သရုပ်ဆောင်မင်းသမီးဟောင်းတစ်လက်နှင့် ရယ်ရယ်မောမော စကားပြောနေသည်။

"ချစ်လေးကတော့ နောက်ပြီကွာ၊ တို့ swinsuitနဲ့ အဲ့ဒီအခန်းရိုက်တုန်းက တကယ်ကိုကွန်ဖီးဒန့်အားနည်းခဲ့တာရယ်"

ChillWhere stories live. Discover now