1

10.8K 1K 139
                                    

"ဟွန်း... ရုပ်ထွက်မပြနိုင်တဲ့လူကြီးရယ်လို့ အထင်မသေးရဲတော့ပါဘူးဗျာ၊ တစ်နိုင်ငံလုံးဆိုင်ရာ ရံပုံငွေပြဇာတ်အစီအစဉ်မှာ နေရာယူလိုက်နိုင်တာကိုက လူကြီးအကောင်ပိစိလေး မဟုတ်မှန်း သိလိုက်ရပါတယ်"

"တို့ကြောင့်မဟုတ်ရပါဘူးကွာ၊ သရုပ်ဆောင်တိမ်တယံမွေးနေ့ဖြစ်လို့ ကျွန်တော်တို့ FMက စပရိုက်အစီအစဉ်လေး တင်ဆက်ပေးပါရစေခင်ဗျာလို့ ခွင့်တောင်းလိုက်တာ၊ အားလုံး Passဖြစ်ရော၊ ဝေါင်း တိမ်တယံက အကောင်အကြီးကြီးပဲ"

ဖုန်းကိုင်ထားလျက် တယံနှာခေါင်းရှုံ့သွား၏။ ချီးကျူးစကားကို အမြဲခံယူကြားနာနေရလို့လားမသိ။ မြှောက်ပင့်ချီးကျူးစကားတွေက တိမ်တယံကို စိတ်မမြောက်သွား။ ဝန်မခံချင်တိုင်း ကိုယ့်ကိုနာမည်လွှဲလိုက်တာပဲလို့ ထင်မိသည်။

"အခု တယံနှာခေါင်းရှုံ့လိုက်တာမလား"

Lazy chairပေါ် ပျင်းတိပျင်းရွဲထိုင်နေသော တယံသည် အလိုလိုနေရင်း ခြေထောက်အောက်ချသွား၏။ မျက်လုံးကလေး ကလယ်ကလယ် အခန်းထဲ ဟိုကြည့်ဒီကြည့်လိုက်ကြည့်ကာ

"လူကြီးဘယ်လိုသိလဲ၊ တယံအခု တယံအိပ်ခန်းထဲမှာပါ၊ တယံအိပ်ခန်းထဲ hidden camerasတွေနဲ့ စောင့်ကြည့်နေတာတော့ မဟုတ်ဘူးမလား"

တယံတကယ်လန့်သွားတာဖြစ်သည်။ တစ်ဖက်ကလူကြီး၏ တဟားဟားအော်ရယ်သံကို မခံချင်အောင် ကြားလိုက်ရသည်။

"တို့ ခန့်မှန်းကြည့်တာပါ၊ တယံဘက်က ဘာမှမပြောလာတော့ တို့ပြောလိုက်တာကို ပိုပြီဆိုတဲ့စိတ်နဲ့ နှာခေါင်းရှုံ့နေမလားလို့၊ မိန်းကလေးဆိုရင် မျက်စောင်းလေးထိုးနေမယ်ထင်တယ်"

"လူကြီးက အထာတွေသိပ်နပ်တယ်နော်၊ လူကြီးအတွက် တယံက ကိုင်လှုပ်ရလွယ်ကူလွန်းတဲ့ ဂျောက်ဂျက်ကလေး ဖြစ်နေမလား"

"ဟိတ်ဟိတ် လေသံမှာနာကြည်းချက်တွေ ပါနေပြီ၊ တို့က လူတစ်ယောက်ရဲ့မသိလိုက်မသိဘာသာ သူ့အကျင့်အတိုင်းလုပ်မိတဲ့ အပြုအမူလေးတွေကို သတိထားလိုက်ကြည့်ရတာ ဝါသနာပါတယ်၊ အဲ့လူကိုယ်တိုင်တောင် သူဘာလုပ်မိလဲ သတိထားချင်မှသတိထားမိမှာ၊ လူတစ်ယောက်ရဲ့မသိစိတ်က အဲ့လူရဲ့အကျင့်ဗီဇကို ဖော်ပြတယ် ယံယံ၊ ခုနက ယံယံလုပ်လိုက်တယ်လို့ တို့ ခန့်မှန်းကြည့်တဲ့ အပြုအမူလေးဟာ တယံလိုသိပ်ချစ်ဖို့ကောင်းတဲ့ အဖြူရောင်လေးတွေရဲ့ စိတ်အလိုမကျရင် ဖြစ်သွားတတ်တဲ့ အမူအကျင့်လေးပဲ"

ChillWhere stories live. Discover now