စာနယ်ဇင်းမီဒီယာများရှေ့ PRO Ent;နှင့် တိမ်တမံစာချုပ်ချုပ်ခဲ့ပြီးနောက် တစ်ခေတ်ပြန်ထလာသည်။ PRO Ent;အရှိန်အဝါကြောင့်လည်းကောင်း၊ ဖေ့ဘုတ်မှာ ရိုးရိုးသားသား ကြိုးကြိုးစားစား ပရဟိတပုံတွေ၊ လူသားခြင်းစာနာဖေးမသော ဗီဒီယိုအတိုလေးတွေနဲ့ လူထုမေတ္တာခံယူခဲ့သောကြောင့်လည်းကောင်း တိမ်တမံက ကြော်ငြာတွေ အများကြီး လက်ခံရသည်။ ရုပ်သံလိုင်းတွေမှာ ပါပါလာပြီး အလုပ်ကလေးတွေ ဖြစ်မြောက်လာ၏။
We Love ယသော်တမံ Group မှာ ရဲရဲအကောင့်နဲ့ Adminလုပ်နေသော တိမ်တမံက သမီးတော်တို့၏ပို့စ်တွေကို စီစစ်နေသည်။ စိတ်တိုင်းမကျတာတွေ့လို့ကတော့ ချက်ချင်း Outပဲ။
"မံမံ ... ကျောင်းဝတ်စုံ ကြော်ငြာရှိတယ်၊ လက်ခံမှာလား"
တစ်ပတ်စာ Scheduleရေးဆွဲနေသော Tabletကိုထောက်၍ မွှေးရနံ့ကြူမေးလာတော့ တိမ်တမံက အထအနကောက် စဉ်းစားပြီး
"ကျောင်းဝတ်စုံ? အဖြူအစိမ်းလား"
နှုတ်ခမ်းမဲ့၍ အသံမြှင့်ပြောလိုက်သည်မှာ မနှစ်မြို့စွာ။
"မံက အဖြူအစိမ်းဝတ်ရတာမကြိုက်ဘူး ပြောထားလို့ အရင်အမေးရှိထားတာ၊ Confirmမလုပ်ရသေးလို့ မံမလုပ်ချင်ရတယ်"
"မလုပ်ချင်ဘူး မံ အဖြူအစိမ်းအင်္ကျီမကြိုက်ဘူး"
မမကြူက Tabletခဏချထားပြီး ဖုန်းကို ပြန်အာရုံရောက်သွားသော တမံကို
"မံက ဘာလို့ အဖြူအစိမ်းကို မကြိုက်တာလဲ"
ခြေထောက်ကိုချိတ်ကာ မေးလိုက်သည်။ တမံက နှုတ်ခမ်းကလေးဆူ မျက်ဖြူလန် စဉ်းစားသယောင်ပြုပြီး
"ဒီလိုပါပဲ မကြိုက်ချင်လို့မကြိုက်တာ၊ အဖြူအစိမ်းကျောင်းသားဘဝက မံဖြတ်သန်းလာတဲ့ ဘဝမှတ်တိုင်တွေထဲမှာ အစုတ်နုတ်ဆုံးပဲ၊ ကိုကိုကြီးကြောင့် အားငယ်ရတယ်၊ ဆွေမျိုးတွေကြောင့် စိတ်ဖိစီးရတယ်၊ လူကြီးမိဘတွေအနိုင်ဖြစ်တဲ့ ကျောင်းသားမိုလို့ အမြဲခေါင်းငုံ့ထားရတယ်၊ ပုံစံလေးက ကမြောက်ကခြောက် ဖြူစုတ်စုတ် ပိန်လှီလှီလေးမို့ အကျည်းတန်တယ်လို့လည်းထင်တယ်၊ အခုထိ အဖြူအစိမ်းပြန်ဝတ်ရင် အဲ့တုန်းကအချိန်တွေကို ပြန်ရောက်သွားတယ်ခံစားရလို့ မံ အဖြူအစိမ်းမကြိုက်ဘူး၊ အပေါက်အပေါက်တွေကို မကြည့်ရဲတဲ့ စိတ်ရောဂါလိုမျိုး"
YOU ARE READING
Chill
Romanceစာရေးသူ၏ ခွင့်ပြုချက် မတောင်းဘဲ Audiobook ပြုလုပ်ခြင်း / ဇာတ်လမ်းအစအဆုံး နည်းအမျိုးမျိုးဖြင့် ပြန်လည်ကူးယူတင်ဆက်ခြင်း မပြုလုပ်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။ This story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ က...
