မြို့လယ်ခေါင် အထင်ကရဈေးဝယ်စင်တာတစ်ခု၌ ကျင်းပသည့် "Kyle"တစ်ကိုယ်တော် Audio တေးစီးရီးအယ်ဘယ်သစ် Promotionလက်မှတ်ထိုးပွဲသည် အခြားနာမည်ကြီးအနုပညာရှင်များမပါဘဲ Kyleတစ်ယောက်တည်းဖြစ်တာတောင် ထင်ထားသည်ထက် ပွဲအခမ်းအနားက သားသားနားနား၊ ပွဲထိန်းသည့် Guardsများများနဲ့ စနစ်တကျရှိသည်။ ဝါရင့်နာမည်ကြီးအနုပညာရှင်တစ်ယောက်လို ပွဲဟိတ်ဟန်က ကောင်းသည်။ မိန်းကလေးငယ်ငယ်ပရိသတ်တွေ တန်းစီ၍ ကြိတ်ကြိတ်တိုးစည်ကားနေ၏။
ကြားထားသည့်အတိုင်း အင်တာတိန်းမန့်ပိုင်ရှင် သုံးလင်ကွာမမက အသားကုန်ကို အမ်းနေတော့တာပါပဲလား။ အသစ်တစ်ယောက်ကို ဘာတွေအထင်ကြီးပြီးတော့ ဒီလောက် တခမ်းတနား ရင်းနှီးမြှပ်နှံပေးထားလဲမသိဘူး။ ခိုးကူးခွေတွေ ထကြွနေသည့်အပြင် လိုင်းပေါ်မှာလည်း ဖရီးဒေါင်းလုတ်ဆွဲယူလို့ရတဲ့ Audioကိုများ စိတ်အပင်ပန်းခံ ငွေကုန်ခံ အချိန်ကုန်ခံ လာဝယ်နေကြတယ်။
ပြောမဲ့သာပြောတာပါ။ Kyleကို တွေ့ခွင့်ရဖို့အရေး တန်းစီနေကြသည့် မိန်းမငယ်လေးတွေကြားထဲ တမံရောက်နေသည်။ လက်ထဲမှာ အယ်ဘယ်တစ်ခုနှင့် Kyleပုံ ပိုစတာတစ်လိပ်ကို ကိုင်ထားသည်။ လူငယ်ဆန်ဆန် အဖြူစွတ်စွတ်မှာ ပန်းဖျော့ရောင်သမ်းသော လျှာထိုးဦးထုပ်ကို မျက်နှာကွယ်အောင် ခပ်ငိုက်ငိုက် ဖိဆောင်းလိုက်ပြီး ခေါင်းငုံ့ထားလိုက်၏။
တိမ်တမံကိုယ်တိုင်ရောက်လာတဲ့ ဒီပွဲအချောင်နာမည်ကြီးသွားမှာ မလိုလားပါ။
maskကို မျက်နှာထက် လုံသထက်ပိုလုံအောင် နားရွက်မှာ ကြိုးတင်းတင်းချည်၍ အလှည့်ကျော်တန်းစီဖို့ Guardအလစ်ကို ချောင်းနေသော တိမ်တမံ။ အနောက်က Guardလစ်ပြီထင်ပြီး လှုပ်ရှားလိုက်တာ အရှေ့မှာ ရှိနေသည့် Guardက တမံဂုတ်ကနေဆွဲပြီး အလှည့်ကျော်တန်းမစီရန်၊ နောက်ထပ်ကျော်ရင် ဟိုးနောက်ဆုံးက ပြန်စီခိုင်းမှာဖြစ်ကြောင်း ဆူငေါက်၏။
တောက်! စိတ်ထဲ တက်ခေါက်သံသည် ဦးခေါင်းထဲပဲ့တင်ထပ်အောင် ကျယ်လောင်ပြင်းထန်သွားသော်လည်း အပြင်သို့ အသံတစိုးတစိမှ မထွက်သွားအောင် နှုတ်ခမ်းကိုတင်းတင်းဖိကိုက်၍ လက်သီးကြီးဆုပ် ကိုယ့်နေရာမှာကိုယ် ပြန်ရပ်လိုက်ရသည်။

STAI LEGGENDO
Chill
Storie d'amoreThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020