"မမကြူ ပြောစရာရှိရင် နောက်မှ ပြော ... မံ နားချင်လို့"
အောက်ထပ်ဧည့်ခန်း၌ ထိုင်နေသော မမကြူကို အပြင်မှ အားလျော့ဖြူဖျော့စွာ ပြန်လာသော တိမ်တမံက ခပ်ယဲ့ယဲ့ပြောကာ အပေါ်တက်ရန် လှေကားတစ်ဆင့် နင်းလိုက်သည်။
"မမကြူ မံ ကို လာနှုတ်ဆက်တာ ... မန်နေဂျာအနေနဲ့ နောက်ဆုံးအကြိမ်"
တမံ လှေကားဆက်မတက်နိုင်ဖြစ်သွားသည်။ တမံအနား မမကြူ လျှောက်လာသည်။
"မံ အဆင်ပြေပါစေ"
ဘေးနားရောက်လာမယ် မျှော်လင့်ထားသော်လည်း မမကြူသည် အကွာအဝေးတစ်နေရာမှာ ရပ်ကာ ပြောပြီး အိမ်တံခါးမကြီးသို့ ခြေဦးတည်သွားသည်။
"မမကြူ..."
မမကြူနှင့်တမံမျက်နှာချင်းဆိုင် ရပ်လိုက်၏။
"အခုချိန်ကျမှတဲ့လား ... အခုချိန် မံ အရမ်းခက်ခဲပင်ပန်းနေတာ သိသိရက် ထားသွားမှ ဖြစ်မှာလား ... အခြားသူမဟုတ်ဘဲ ... မမကြူက"
မံ လှမ်းကိုင်သော လက်ကို မမကြူကရှောင်သွားပြီး
"ဆောရီးပါ မံ ... မမကြူ မံဘက်မှာ ဆက်ရှိပေးနိုင်မယ် မထင်တော့ဘူး"
တစ်ခန်းရပ်သွားသော မျက်ရည်တို့သည် ပြန်လည် စိုစွတ်လာ၏။ မမကြူကို စိုက်ငေးကြည့်မိသည်။
"မံ ကို မမကြူ အရမ်း အလိုလိုက်တာ သိတယ်မလား၊ မမကြူ အခုလို နှုတ်ထွက်သွားတာက မံ မှာ အနာဂတ်မရှိတော့လို့ မဟုတ်ဘူး၊ မံ ရဲ့ ကိုယ်ကျင့်တရားကို ရွံသွားလို့ပဲ"
"မမ ... မမကြူ ... "
ကလေးငယ်များလို တမံသည် နာမည်ကို ဂျစ်တိုက်ခေါ်လာ၏။ လက်ကို ဒုတိယအကြိမ် ပြန်ဖမ်းကိုင်သည်။
"အဲ့ဒီဗီဒီယိုက သော် နဲ့ မဟုတ်ဘူးမလား ... သိပ်ရွံဖို့ကောင်းတယ် မံ"
"မံ ... မံ မကောင်းမှန်း သိပါတယ် ... မမကြူ ပြောတာကို မံ မငြင်းဘူး ဟုတ်တယ် မံ က ရွံစရာပဲ၊ မံ အပြစ်ပေးသမျှ ခံယူသွားမှာပါ ... ဘေးမှာ မမကြူရှိဖို့တော့ လိုတယ်၊ ဒီအကြောင်းတွေ လူတွေသိသွားကြရင် မံဘက်မှာ ရှိနေတဲ့ လူတွေကို ဆုံးရှုံးရမှာ မံ သိတယ်၊ အဲ့ဒီအထဲ မမကြူ ကို ထည့်မတွက်မိဘူး၊ မံ ကြောက်တယ် ... ကိုယ်လုပ်တဲ့အပြစ်ကို ပြန်ပေးဆပ်ရမှာထက် မံ ဘေးမှာ ဘယ်သူမှ မရှိတော့မှာ မံ ကြောက်တယ် ... မမကြူတစ်ယောက်ကတော့ မံ ဘက်ကနေ ရှိနေပေးပါ မံ တောင်းပန်နေတာ"
ESTÁS LEYENDO
Chill
Romanceစာရေးသူ၏ ခွင့်ပြုချက် မတောင်းဘဲ Audiobook ပြုလုပ်ခြင်း / ဇာတ်လမ်းအစအဆုံး နည်းအမျိုးမျိုးဖြင့် ပြန်လည်ကူးယူတင်ဆက်ခြင်း မပြုလုပ်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။ This story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ က...
