71

1.8K 359 63
                                    

Zylenဘက်က ရပ်တည်ပေးခဲ့တဲ့ Kyleကို ကျေးဇူးအထူးတင်နေပါတယ် Kyleရဲ့ အနုပညာခရီးလမ်းတစ်လျှောက် အများကြီး အောင်မြင်ပါစေ ငါ တို့ မင်းကို အားပေးနေမယ်

ချစ်စရာကောင်းသည့် ပိုစ့်ကတ် နှင့် လက်ရေးဝိုင်းဝိုင်းလေးက သိပ်လိုက်ဖက်သည်။ သူ့ရုပ်ပြောင် ကာတွန်းအရုပ်ပုံနှင့် ကိတ်မုန့်က သူ့အတွက် သီးသန့်ဖြစ်တည်လာမှန်း သိသာထင်ပေါ်သည်။ ပါးစပ်ထဲထည့် စားရမှာပင် နှမြောစိတ်ဝင်ဖို့ကောင်းသည်။ ကိတ်မုန့်ကလေးက လှတပတ။

ပိုစ့်ကတ်ကို ပစ်ထုတ်ပြီး ဆိုဖာထိုင်ခုံပေါ် တစ်ကိုယ်လုံး ပစ်လှဲချပြီးမှ ရုတ်တရက် ခေါင်းထဲဝင်လာသော အတွေးတစ်ခု။ ချက်ချင်း ပြန်ထိုင်ပြီး ဖုန်းထုတ်ကြည့်သည်။ ကိတ်မုန့်ကို ဓာတ်ပုံရိုက်ပြီး တစ်ယောက်သောသူနှင့် Chat မှာ ပို့လိုက်၏။ Blockဖြည်ပြီးပြီလား မဖြည်ရသေးဘူးလား စမ်းပို့ကြည့်ရမည်။

*အဲ့ဒီရပ်ကွက်က ပို့တာလား

ကိတ်မုန့်ပုံနှင့်တကွ စာတို ပို့ကြည့်လိုက်သည်။ Sentဖြစ်သွား၏။

"Yeah! ဘလော့ဖြည်ပြီ"

လေထဲ လက်သီးလက်မောင်းတန်းပြီး ဘာထပ်ပို့ရကောင်းမလဲ သူ စဉ်းစားနေတုန်း တစ်ဖက်က Seenဖြစ်သွားသည်။

OMG! တိမ်တမံ လိုင်းပေါ် ရှိနေတာလား ... ဘယ်နှယ့်လုပ်ကြမလဲ ဘာပြောလိုက်ရမလဲ

လိုင်းပေါ် မရှိဘူးအထင်နှင့် ပို့ထားမလို့ကို။ လိုင်းပေါ် ရှိနေလျက် ကိုယ့်စာကို ချက်ချင်း seenဖြစ်နေသည်။ ကိုယ်ဆက်ပို့မည့်စာကလည်း သူ့ဆီချက်ချင်း ရောက်နိုင်မည်ကို သတိထားမိသောအခါ ဘာဆက်ပြောရမလဲ မသိဖြစ်သွား၏။ Feelအောက်သွားရသည်။

ခိုင်မြဲနှောင်အခက်တွေ့နေရစဉ် တိမ်တမံဘက်မှ

*မပို့ဘူး

ပြတ်ပြတ်သားသားပဲ။

*မပို့လည်း ပြီးတာပဲ* ဟု ပြန်စာပို့မလို လုပ်ပြီးခါမှ .. နေပါဦး သူတောင် စာလုံးသုံးလုံးတည်း ပို့တာ ငါကဘာလို့ အများကြီးပြန်ပို့ရမှာလဲ ...

ပြန်ဖျက်ကာ အစက ပြန်ရိုက်လိုက်သည်။

*ပြီး တာ ပဲ

ChillWhere stories live. Discover now