တိမ်တမံ (တိမ္တမံ)

22.4K 1.7K 212
                                    

"ဟယ်လို မမကြူ"

"အင်း"

ဖုန်းခေါ်တော့လည်း တော်တော်နှင့်မကိုင်၊ ကိုင်လာတော့လည်း အိပ်ချင်မူးတူး ဗလုံးဗထွေးအသံ။ ဒါတွေလည်း ဂရုမစိုက်နိုင်ပါဘူး။

"မံ ညက ပြောထားတဲ့ စာ အခုထိမပို့သေးဘူးလား"

"စာ ... ဘာစာလဲကွယ်"

လုံးထွေးနေသော အသံနှင့် မေးလာ၏။ နိုးတဝက်အိပ်တဝက်ဖြစ်နေသည့် မမကြူသည် အသိစိတ်မကပ်နေပါ။

"ဒီနေ့ ဖေ့ဘုတ်ပေါ် မံ စာအရှည်ကြီးတင်ရမယ်လေ၊ အဲ့အတွက် ဖတ်မိသူတိုင်း ရင်ကိုထိရှခံစားသွားစေမဲ့ စာမျိုး ရေးခိုင်းထားတာလေ၊ အခုထိ မပို့လာသေးဘူး"

"ဟာ အခုဘယ်အချိန်ရှိသေးလို့လဲ မံရာ"

"မနက်ခင်းလေးနာရီနဲ့မိနစ်ငါးဆယ် ရှိနေပါပြီခင်ဗျာ"

"ဟာကွာ ... တမံ မနေ့ညက ၁၀ခွဲလောက်မှ ပြောထားတာလေ၊ မ လက်စထက်တဲ့ကလေးတစ်ယောက်ကို ရေးခိုင်းထားတယ်၊ အခုကစောသေးလို့ပါ၊ ဒီနေ့တွင်းချင်းရစေရမယ်ကွာ ဟုတ်ပြီလား"

"ဟုတ်ပြီက မလားဘူး မမကြူ၊ မမကြူပြောတဲ့ ဒီနေ့တွင်းချင်းက ဘယ်အချိန်လဲ၊ ညမှလား... မရဘူးနော်၊ မံက အချိန်မှီ မံအကောင့်မှာ တင်ရမှာ၊ မဟုတ်ရင် မံက ဒီနေ့ကို တန်ဖိုးမထားဘူးလို့ Fansတွေက ထင်သွားလိမ့်မယ်၊ စာရရုံနဲ့ မပြီးဘူး ရတဲ့စာက လိုတာပိုတာတွေကို ဖြည့်ရဖြုတ်ရဦးမှာ အခုချက်ချင်း ရေးခိုင်းထားတဲ့ တစ်ယောက်ကို ဖုန်းဆက်ပြောလိုက်၊ မနက်ကိုးနာရီမထိုးခင် လိုချင်တယ်လို့"

ပြောပြီးဖုန်းကိုချပစ်လိုက်၏။

"မံမံရယ် ... အဲ့လောက်အရေးကြီးနေရင်လည်း ကိုယ့်ဘာသာကိုယ်ပဲ ရေးလိုက်ပါ့လား"

တမံကို မိတ်ကပ်ပြင်ပေးနေသော ရဲရဲက လေပြေလေးနဲ့ ဆိုလာသည်။

"မရေးတတ်လို့ပေါ့၊ ရေးတတ်ရင် အဆင့်ဆင့်ခိုင်းမနေဘူး"

ပြောလိုက်သည့်လေသံက အကြီးကိုအကြီးမှန်းမသိ။ မောက်မာလွန်း၏။

"ရေးတတ်တာမတတ်တာနဲ့မဆိုင်ဘူးလေ၊ ချစ်သူနဲ့အမှတ်တရစာဆိုတာ ချစ်သူနဲ့ကိုယ့်ကြားက အမှတ်တရတွေကနေ ဖြစ်လာတဲ့ ခံစားချက်တွေကို ရေးချရမှာ၊ မံမှာ အဲ့ဒါတွေရှိနေပြီးသားပဲ၊ ရေးချလိုက်ရင် စာအရှည်ကြီးဖြစ်ကိုဖြစ်လာမှာ၊ ကိုယ့်ချစ်သူအတွက်အမှတ်တရ စာရေးတာ မံရဲ့ ခံစားချက်ကလာတဲ့ စာလုံးလောက် ထိရှစေမဲ့ စာမျိုးမရှိဘူးလေ"

ChillWo Geschichten leben. Entdecke jetzt