"ကိုခိုင်မြဲနှောင်"
"အင်း"
"မံ ဒီနေ့ အိမ်မပြန်ရဲတော့ဘူး"
"ဘာ"
အထိတ်တလန့်ဖြင့် သူလန့်ကာအော်မိသည်။ ကားမောင်းသူနေရာ၌ ရှိနေသော ခိုင်မြဲနှောင်ဘက် ကိုယ်တစ်စောင်းလှည့်၍ တိမ်တမံက အောက်နှုတ်ခမ်းရှေ့ထွက်လာပြီး မျက်တောင်နှစ်ချက်ကို ကြာကြာလေး ပုတ်ခတ်ပြသည်။ ဘာသဘောပါပါသလဲ။
မထော်မနန်း မလိုက်မဖက်တွေ လုပ်နေ၍ သူ ပြူးကြောင်ကြည့်နေမိတုန်း တိမ်တမံက သူ့အင်္ကျီလက် အစွန်းစကို လက်ဖျားလေးဖြင့် အားမပါသလို ဆောင့်ဆောင့်ဆွဲလာသည်။ တိမ်တမံကို တကယ်ကြီး စိတ်ရောဂါကုဆေးရုံ ဝင်ပြသင့်နေပြီ။
******
မွှေးရနံ့ကြူ မေ့လဲသွားတာကို မြင်သည့် Maidက ဆရာဝန်ကို အိမ်ခေါ်ပင့်သည်။ ဆရာဝန်မရောက်သေးချိန် မမကြူ အရင် သတိပြန်လည်လာသည်။ နှလုံးခုန်နှုန်းများ ပုံမှန်မဟုတ် ဆောင့်ခုန်နေဆဲ။ ရေကို အငမ်းမရ တောင်းသောက်လည်း ရင်မအေးနိုင်။ ဆရာဝန်ရောက်လာပြီး လိုအပ်သည်များ လုပ်ပေး မှာကြားကာ ပြန်သွားသည်။ မွှေးရနံ့ကြူလည်း ဆေးကြောင့်လားမသိ ပြန်အိပ်ပျော်သွားတော့၏။
*****
"ပေး ဒီကို"
ရေချိုးခန်းထဲက ထွက်လာပြီး အငွေ့ထနေသော ရေဇလုံကို ကိုင်ကာ Kyle တောင်းသည်က ဘာများလဲ။ ကုတင်နောက်မှီကိုမှီ၍ ဖုန်းသုံးနေသာ တိမ်တမံက ကြောင်စီစီလေး မော့ကြည့်လာသည်။ အခုလေးတင် ရေချိုးပြီးသော ခိုင်မြဲနှောင်က တစ်ကိုယ်လုံး လက်ဆက်သင်းပျံ့နေလျက်။
ရေချိုးခန်းထဲက ထွက်လာတာဖြစ်၍ Bathrobe ရင်ဘတ်ဟပြဲ ဖရိုဖရဲ (သို့မဟုတ်) အပေါ်ပိုင်းဗလာ တဘက်တိုတို ခါးပတ်ထားရင်း ခြေသလုံးမွေးတို့အတိုင်းသား (သို့မဟုတ်) မိမွေးတိုင်း တုံးလုံးလေး ... တစ်ခုမှမဟုတ်ဘဲ ကိုယ်တော်ချောသည် ပေါ့ပေါ့ပါးပါးရှိသော ချည်ထည် လက်ရှည်အင်္ကျီကို လက်ချောင်းလေးတွေ ပေါ်ရုံ၊ ဘောင်းဘီအစင်းအရှည်သည် ခြေချောင်းလေးပေါ်ရုံ။ လုံလုံခြုံခြုံပါပင်။ ထို့ကြောင့် တိမ်တမံမှာ အကြည့်မရှက်နိုင်ဘဲ သူ့ကို အကြာကြီး မော့ငေးကြည့်မိသွား၏။ တစ်ခါတည်း ရေချိုးခန်းထဲမှာ အဝတ်လဲခဲ့ပုံရသည်။
YOU ARE READING
Chill
Romanceစာရေးသူ၏ ခွင့်ပြုချက် မတောင်းဘဲ Audiobook ပြုလုပ်ခြင်း / ဇာတ်လမ်းအစအဆုံး နည်းအမျိုးမျိုးဖြင့် ပြန်လည်ကူးယူတင်ဆက်ခြင်း မပြုလုပ်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။ This story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ က...
