"Happy Birthday!!!"
မွေးနေ့ကိတ်ကိုင်၍ အခန်းထဲဝင်လာသော ပြာတာတာခပ်စူးစူး အသံပိုင်ရှင်ရဲရဲ။ ဇာတ်ညွှန်းဖတ်နေသော တမံသည် မိစန်းကို လှမ်းကြည့်လာ၏။
"မွေးနေ့မှာပျော်ရွှင်ပါစေရှင့်"
ဖယောင်းတိုင်တစ်တိုင်တည်း ထွန်းထားသော မွေးနေ့ကိတ်သည် တမံအဝတ်တွေကို ခေါက်နေသော မိစန်းရှေ့ရောက်လာ၏။
"ကျေးဇူးပါ ရဲရဲ ဟီးဟီး"
ဖယောင်းတိုင်မီးမှုတ်ပြီး ရဲရဲလက်ထဲက ကိတ်မုန့်ကိုယူရင်း မိစန်းမျက်လုံးတွေက တမံထံ မလုံမလဲ ရောက်လာ၏။ တမံနှင့်မျက်လုံးချင်းဆုံသောအခါ ချက်ချင်း ခေါင်းငုံ့သွားသည်။ တမံက မိစန်းမွေးနေ့တိုင်း လက်ဆောင်ပေးနေကျဖြစ်၏။ ဖတ်နေသော ဇာတ်ညွှန်းစာအုပ်ကို ပိတ်လိုက်ပြီး
"Happy Birthday"
"ဟုတ် အစ်ကိုလေးမံ"
ဒီမနက်ခင်းမိုးလင်းတည်းက သူ့အနား မိစန်းကပ်နေတာ သတိထားမိသည်။ အခုလည်း တမံမျက်စိရှေ့ထိုင်၍ ဗီဒိုထဲကအဝတ်တွေကို ခေါက်နေသည်။ စင်စစ် မိစန်းက သူ့ထံမှ မွေးနေ့ဆုတောင်းစကားနှင့်အတူ လက်ဆောင်ကိုမျှော်လင့်နေတာဖြစ်မည်။ မွေးနေ့လက်ဆောင်ပေးရန် အခန်းထဲ မျက်လုံးဝေ့ကြည့်လိုက်စဉ် စားပွဲပေါ်တင်ထားသော ခြင်းကို မျက်စိကျသွားသည်။
"မွေးနေ့လက်ဆောင်က ဟိုခြင်းကိုယူလိုက်"
တမံလက်ညှိုးညွှန်ပြရာသို့ လိုက်ကြည့်ရင်း မိစန်းမျက်လုံးတွေ အရောင်တောက်သွား၏။ ဒီနှစ်မှာလည်း အစ်ကိုလေးမံက မွေးနေ့လက်ဆောင်အကောင်းဆုံးကို ပေးသူဖြစ်ပြန်လေပြီ။
"ကျေးဇူးတင်ပါတယ် အစ်ကိုလေးမံ"
မိစန်းကချက်ချင်းထယူ၏။
"အဲ့ဒါ မံ စမ်းသုံးကြည့်မလို့ဆို"
တမံအား PR Giftပေးထားသော Skincare setကို ရဲရဲက နှမြောတသကြည့်၍ ပြောလာသည်။ ပြီး မကြားသာအောင်
"အဲ့ဒါ setလိုက် အပြင်မှာ ဝယ်ရင် တအားဈေးကြီးတာ"
"မိစန်းလည်းအရွယ်ရောက်လာပြီ လှချင်မှာပေါ့၊ အသက်ဘယ်နနှစ်ပြည့်တာလဲ မိစန်း"
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020