ပါတီမှာ မျက်မြင်သက်သေတွေ အများကြီးရှိတယ်။ Zylenကို ချစ်ခင်တဲ့ သူ့ပရိသတ်တွေ ဘယ်လောက်များလိုက်လဲ။ ပရိသတ်မဆိုထားနဲ့၊ အနုပညာသည် အချင်းချင်းကြားထဲ Zylenက သဘောကျလေးစားခံရသူ။ အဲ့ဒီလူတွေက Zylenကို ကယ်တင်ကြလိမ့်မယ်။ ငါမဟုတ်လည်း Zylen နာမည်ပျက်ကို ဖြေရှင်းပေးမဲ့သူတွေ အများကြီးရှိလို့ Kyle ... မင်းကတော့ ဒေါ်လေးငယ်ကို သစ္စာမဖောက်ရဘူး။ ဟုတ်တယ်။ ငါနဲ့မဆိုင်ဘူး၊ ငါနဲ့ဆိုင်တာက ...
အစည်းအဝေးခန်းထဲ ဝင်လာသော တိမ်တမံ။ အခန်းထဲ စောင့်ကြိုနှင့်နေသော Kyleကို မြင်သောအခါ မျက်နှာအုံ့မှိုင်းသွားပြီး မည်သူမှမရှိဘဲ Kyleနှင့်သူနှစ်ဦးတည်း ဖြစ်ကြောင်း ရိပ်ဖမ်းမိသောအခါ ပို၍မည်းတက်သွား၏။ အခန်းထဲက ပြန်ထွက်ရန် လုပ်နေ၍ အနောက်ကနေ လက်ကိုဖမ်းချုပ်ပြီး ကိုယ်လုံးကို မျက်နှာချင်းဆိုင် ဆွဲလှည့်လိုက်ရသည်။
"ဖုန်းဘလော့ဖြည်ထားဆိုတာကို ဘာလို့ နားမထောင်တာလဲ"
"လက်ကိုလွှတ်လိုက်"
ခါးခါးသည်းသည်းကြီးကို ငြင်းဆန်ရုန်းကန်နေ၍ Kyle ပို၍ မချင့်မရဲဖြစ်ကာ ပေါက်ကွဲတော့သည်။
"ငါအကြောင်းပြန်ပေးမယ်လို့ ပြောထားတယ်လေ၊ စောင့်မနေတာ ဘာစောက်ချိုးလဲ၊ မင်းကို ဒီလိုတွေ့ဆုံခွင့်ရဖို့ အချိန်းအချက်လုပ်ရတာ အရပ်ကူပါ လူဝိုင်းပါနဲ့ ငါဘယ်လောက် သိက္ခာကျရတယ်မှတ်လဲ ... စောက်ရေးမပါတာတွေ"
တမံကို ကျောခိုင်းပြီး အနားက ထိုင်ခုံတစ်လုံးကို ခြေထောက် ပိတ်ကန်ပစ်လိုက်သည်။ တမံက သူ့ဖုန်းနှင့်ဖုန်းနံပါတ်အစိမ်းတို့ကို လုံးဝမကိုင်၍ PROက မမီ၏ အတွင်းရေးမှုးမှတဆင့် Zylenကိစ္စနှင့်ပတ်သက်၍ တိမ်တမံနှင့်တိုက်ရိုက် ညှိုနှိုင်းပြောစရာရှိပါတယ် လာခဲ့ပါလို့ ညာခေါ်ခိုင်းမှ ဤအစည်းအဝေးခန်းထဲ ရောက်လာခဲ့တာဖြစ်သည်။
တိမ်တမံအတွက် သူက ဒီလို အရေးမပါသော ဖြစ်တည်မှုမျိုးလား ... ရင်နာမိသည်။
"Zylen caseက ငါလုပ်တာမဟုတ်ဘူး သိဖို့"
တံခါးလက်ကိုင်ကို ဆွဲလှည့်ဖွင့်နေသော တိမ်တမံသည် Kyleစကားကြားပြီးပြီးချင်း လက်ကိုင်ကို ပြန်လွှတ်၍ တဖန် သူ့နှင့်မျက်နှာချင်းဆိုင်လာ၏။ အကြီးအကျယ် တုန့်ပြန်လာမည်ဟု မျှော်လင့်မိသော်လည်း တိမ်တမံက မည်သည့်စကားမှ မဆိုပါဘဲ အခန်းတံခါး ပြန်ဖွင့်နေပြီဖြစ်သည်။ Kyle မခံမရပ်နိုင် ဖြစ်ရလွန်း၍ တိမ်တမံကို အားနှင့်ဆောင့်ဆွဲ နောက်ပြန်ပို့ပြီး တံခါးကိုလော့ခ်ချလိုက်သည်။
KAMU SEDANG MEMBACA
Chill
Romansaစာရေးသူ၏ ခွင့်ပြုချက် မတောင်းဘဲ Audiobook ပြုလုပ်ခြင်း / ဇာတ်လမ်းအစအဆုံး နည်းအမျိုးမျိုးဖြင့် ပြန်လည်ကူးယူတင်ဆက်ခြင်း မပြုလုပ်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။ This story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ က...
