တိမ်တယံ (တိမ္တယံ)

8.6K 1.1K 307
                                    

"ဒီနေ့ပြဇာတ်မှာ တိမ်တယံလိုက်မမှီအောင် မံမံလေးရဲ့ Talentsတွေ အကုန်ထုတ်ပြနော်"

ကားရှေ့ခန်းက ရဲရဲသည် နောက်လှည့်ကြည့်၍ တိမ်တမံကို အားတက်သရောပြော၏။

"သိပါတယ်၊ ရဲရဲသာ သူ့ထက်သာအောင် မိတ်ကပ်ပြင်ပေး"

စိတ်ဂနာမငြိမ်သော တမံသည် ဖုန်းကိုမကြည့်ချင်တော့။ လက်ချောင်းတွေကိုဆုပ်နယ်ပြီး တရွေ့ရွေ့ကျန်ခဲ့သော ကားအပြင်ဘက်မြင်ကွင်းကို ကြည့်နေလိုက်သည်။ တစ်နိုင်ငံလုံးဆိုင်ရာ ရံပုံငွေရှာပြဇာတ်၌ အကြီးတန်းသရုပ်ဆောင်များနှင့်အတူ မံမံက သုံးလေးခန်းလောက် ပါဝင်သရုပ်ဆောင်ရမှာဖြစ်၏။ တိမ်တမံနှင့်အပြိုင် ညီတစ်ဝမ်းကွဲတော်စပ်သူ တိမ်တယံလည်းပါသည်။

ပထမဆုံး စင်ပေါ်တက်ရမည့် အခွင့်အရေးဖြစ်တာရယ်၊ ညီဖြစ်သူ တိမ်တယံနှင့်အပြိုင် လုပ်ပြရမှာရယ်ကြောင့် တိမ်တမံ စိတ်လှုပ်ရှားနေသည်။

"စိတ်ချပါ ဆင်းရဲသားအခန်းနဲ့ကိုက်အောင်ကို စုတ်စုတ်ပျက်ပျက် ပြင်ပေးမယ်၊ တောက်တောက်မထက် ရဲရဲမက ပိုလက်စွမ်းထက်တာကို သိစေရမယ်"

"စုတ်စုတ်ပျက်ပျက်မပြင်ပါဘူး၊ တိမ်တယံထက် ကြည့်ကောင်းနေအောင်ပဲပြင်ပေး"

"ဟယ် ပြဇာတ်မှာ မံမံက ဆင်းရဲသားနေရာကလေ"

"ဆင်းရဲသားလည်း ကြည့်မကောင်းရဘူးလို့ ဘယ်သူပြောထားလဲ၊ တိမ်တမံက ဆင်းရဲနေလည်း ကြည့်ကောင်းနေရမယ် တိမ်တယံထက်သာနေအောင်"

အိုးမိုင်ဂေါ့ ... တမံရဲ့ဒီစိတ်ကလေးနဲ့ ဘယ်လိုလုပ် တိမ်တယံကို မှီနိုင်မှာတဲ့လဲ။ တိမ်တယံရဲ့ Markeup Artitst တောက်တောက်မကိုလည်း ရဲရဲက ဘယ်ယှဉ်နိုင်တော့မလဲ။ တောက်တောက်မကို မကျေတာက သင်တန်းဆင်းပွဲတည်းက။

တောက်တောက်မသာ ဂဠုန်မဆန်ခဲ့လျှင် ရဲရဲတာဝန်ယူရမည့် မင်းသားသည် တိမ်တမံမဟုတ်ဘဲ တိမ်တယံလေးသာဖြစ်လိမ့်မည်။ အခုတော့ တောက်တောက်မ ဂဠုန်ဆန်လိုက်လို့ ရဲရဲခဗျ ဒီမင်းသားဆိုးနှင့် ရေစက်အကြောင်းဖန်နေရ၏။

ငါ့နေ့ရက်တွေကိုဂဠုန်ဆန်သွားတဲ့ တောက်တောက်မ နင့်ကို ဟောဒီရဲရဲမက တစ်သက်မကျေဘူးဟေ့။

ChillNơi câu chuyện tồn tại. Hãy khám phá bây giờ