75

2.3K 260 136
                                    

"အေး သားကြီး လူက အိုသေတော့မယ် မင်း အချိုးမပြောင်းနဲ့ သိလား"

Potatos Radio Station ညပိုင်းအစီအစဉ်၌ မဖြန့်ရသေးသော Kyleသီချင်းအသစ်ကို ဦးဦးဖျားဖျား ဖွင့်ပြရန်ရှိသောကြောင့် Koeက Kyleအိမ် ရောက်နေသည်။ ညပိုင်းအစီအစဉ်အတွက် Koe ပြင်ဆင်လာသော USB Stickက errorဖြစ်သွားပြီး အချိန်တိုအတွင်း အစက ပြန်လုပ်ရသောအခါ Kyle Laptopကို ငှားသုံးရန် ဖြစ်လာသည်။

ကိုယ်တိုင် အလုပ်လုပ်နေသည့် တစ်လက်ကိုင် Laptopလေးဖြစ်၍ မငှားချင်ပေမဲ့ Koeက အရေးကြီးနေ၍ ငှားပေးရင်း kyleက ပွစိပွစိ ပြောမဆုံးဖြစ်နေ၏။ Koe က အမြဲဤကဲ့သို့။ ပေါ့ပျက်ပျက် နေတတ်ပြီး အရေးပေါ်မှ အရပ်ကူပါ လူဝိုင်းပါ ပျာယာခတ်တတ်သည့် လူမျိုး။

"Kyle သွားပါကွာ ... မင်း ရေချိုးမလို့မလား သွားချိုး၊ ဘယ်ကစလုပ်ရမှန်း မသိလို့ ပူထူနေရတဲ့ကြားထဲ ဘေးကလာပွားနေရင် ဘာမှလုပ်လို့ရမှာ မဟုတ်ဘူး သွားကွာ"

အင်္ကျီချွတ်ကြီးဖြင့် မတ်တပ်ရပ်ကာ ဆူငေါက်နေသော Kyleက အိမ်ရှင်ဖြစ်သော်ငြား Koe မောင်းထုတ်သည်။ ရေချိုးခန်းထဲရောက်သည့်တိုင် Kyle ကျေနပ်နေတာမဟုတ်။ ရေချိုးပြီး Kyleပြန်ထွက်လာတော့ ရေကြီးသုတ်ပျာဖြင့် ပြန်ရန်ပြင်နေသည့် Koeနှင့် ပက်ပင်းတိုးသည်။

"မင်း!"

"ငါ ... ငါပြန်တော့မယ်"

"မင်း ကိစ္စက ပြီးပြီလား"

"ဟင် ... အင်း ငါ ပြီးပြီ ငါပြန်တော့မှာ"

"ငါရေချိုးတာ ဆယ်မိနစ်လောက်ပဲ ကြာမှာပါ၊ မင်းဟာက တစ်နာရီထိုင်လုပ်တောင် မပြီးနိုင်တာကို ဘယ်လိုလုပ် ... ဒီအချိန်လေးအတွင်း"

Kyle ဇဝေဇဝါ ရေရွတ်နေချိန်အတွင်း Koeက ဖိနပ်ဝတ်ပြီး တံခါးပေါက်နား ရောက်နေပြီ။

"Kyle ငါပြန်ပြီ"

Kyleဆီက စကားပြန်မရသေးဘဲ Koe အခန်းပြင်ထွက်သွားသည်။ ပြီးမှ တံခါးဝကြား ခေါင်းပြူလာပြီး

"ချစ်တယ် Kyle အာဘွား"

Fly kissများ နင်းကန်စွတ်ပေးကာ မျောက်အုန်းသီးရသွားသလို ပျော်မြူးဆောင့်အောင့်သွားသည့် Koeတစ်ယောက်နှယ်။

ChillWhere stories live. Discover now