"အစ်ကိုသော် ... မင်္ဂလာပါ"
သန့်စင်ခန်းထဲ တယံဝင်လာတော့ လက်ဆေးနေသည့် ယသော်ကိုတွေ့၍ တရိုတသေ ဦးညွှတ်ကာနှုတ်ဆက်မိသည်။ အစ်ကိုယသော်က တယံတို့ဆယ်တန်းကျူရှင် ဂိုက်ဆရာဖြစ်ခဲ့သည်။ လက်ဆေးနေရင်း မှန်ထဲကနေတဆင့် တယံကိုမျက်လုံးလှန်ကြည့်လာကာ
"မင်္ဂလာပါခင်ဗျာ မင်္ဂလာပါ... မဆုံဖြစ်တာကြာပြီ ယံယံ"
ဖော်ဖော်ရွေရွေပြန်နှုတ်ဆက်လာသော ယသော်သည် အပြုံးက မပါမဖြစ်။
"ဟုတ်ကဲ့ အစ်ကိုနဲ့မဆုံတာကြာပြီ၊ Dance Studioအတွက် Congratulationပါ၊ လူချင်းအခုမှဆုံလို့ ပြောရတော့တယ်"
"ဟုတ်ကဲ့ပါခင်ဗျာ၊ ယံယံပို့လိုက်တဲ့ ပန်းခြင်းလက်ခံရရှိပါတယ်၊ ကျေးဇူးနော်"
"ဟုတ်"
လက်ခံရရှိတဲ့ လက်ဆောင်ပန်းစည်း၊ပန်းခြင်းတွေအများကြီးကြားထဲက မှတ်မှတ်ရရဖြစ်ပေးလို့ တယံကျေနပ်သွားတာအမှန်။ အစ်ကိုသော်က အဲ့လိုပါပဲ။ လူတိုင်းအပေါ် ဂရုစိုက်တတ်ပြီး သက်ရောက်လာတဲ့မေတ္တာတိုင်းအတွက် တန်ပြန်မှုရှိသည်။ သတ္တဝါတိုင်းအပေါ် မေတ္တာထားတယ်လို့ ပြောရင် ပိုမှန်မယ်ထင်သည်။ သူ့ချစ်သူအပေါ်ဆိုလျှင်တော့ ဆိုဖွယ်ရာမရှိပေါ့။ အစ်ကိုမံသိပ်ကံကောင်း၏။
အရှေ့ဆက်မတိုးလာဘဲ အနောက်မှာရပ်နေဆဲ တယံကို လက်ဆေးပြီးနောက် မှန်ထဲကတဖန်ဝင့်ကြည့်လာ၏။ အခြားဘေစင်နေရာရှိသော်လည်း တယံက သော်ကို စောင့်ဆိုင်းနေဆဲ။ ရေစက်လက် လက်နှစ်ဖက်ကို လက်အခြောက်ခံစက်အောက် သွားထားလိုက်သည်။ သော်ဖယ်ပေးတော့မှ သော်ဘေးကပ်လျက်ရှိဘေစင်မှာ တယံလက်ရေဆေးလိုက်၏။
"အလုပ်ရှုပ်နေတဲ့ကြားက လက်ဆောင်ပို့ပေးဖို့သတိရတဲ့ စိတ်စေတနာကို ကိုယ်အလေးထားပါတယ် ယံယံ"
"အစ်ကိုသော်ကို အတုယူထားတာပါ၊ အစ်ကိုသော်ရဲ့ ဂရုစိုက်တတ်မှုတွေကြောင့် တယံတို့နွေးထွေးခဲ့ရသလို တယံလည်းအခြားသူတွေကို ဂရုစိုက်ပေးချင်မိတယ်"
ယသော်ကရယ်၏။ ပြီးမှ
"တယံက လူကောင်းပါ၊ အရမ်းကောင်းတဲ့လူကောင်း၊ တယံကအရမ်းကောင်းလွန်းလို့ တယံအနားရှိတဲ့သူတွေက မကောင်းဖြစ်ရတဲ့အထိပဲ"
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020