74

1.7K 259 61
                                    

သွေးပူတုန်း အထုပ်အပိုးပြင် ထွက်ပြေးရန်ကြံသည်။ သေချာပြန်တွေးကြည့်မှ ပန်းဇလပ်ဝါကို မြဝတ်ရည်ဟု ယှဉ်တွဲသိနိုင်သူ ရှိမှာမဟုတ်၍ စိတ်အေးသွာ၏။

"မဟုတ်သေးဘူး"

ဆိုဖာပေါ် ထိုင်ရန်အလုပ် ခေါင်းထဲဝင်လာသော အသိကြောင့် ချက်ချင်း မတ်တပ်ထရပ်ကာ ကြောင်တောင်ငမ်းလေးလို ဦးတည်ရာမရှိ လက်ညှိုးတထိုးထိုး ပါးစပ်က ပွစိပွစိ ရေရွတ်နေသည်။

"Kyleသိလိမ့်မယ် Kyleက ပန်းဇလပ်ဝါကို မြဝတ်ရည်လို့ သိနေမှာ!"

စားပွဲပေါ်တင်ထားသော ဖုန်းကို အပြေးအလွှား ကောက်ကိုင်ပြီး မွှေးရနံ့ကြူတင်ထားသည့်ပုံကို ပြန်ကြည့်သည်။ ပါးစပ်အဟောင်းသားဖြစ်သွား၍ လက်ဖဝါးဖြင့် အုပ်ကွယ်လိုက်ရသည်။ ပန်းဇလပ်ဝါပိုက်ဆံအိတ်ထဲက ဓာတ်ပုံနှင့်တစ်ပုံတည်း။ တိုက်တိုက်ဆိုင်ဆိုင် ဒီတစ်ပုံတည်းကိုမှ ဒီမိန်းမကတော့ ... သူ့ကို အဆုံးထိ ဒုက္ခပေးဖို့ လူဆက်လုပ်နေပုံရသည်။

အခုလောက်ဆို ဒီပိုစ့်ကို Kyle မြင်ပြီးပြီလား။ Kyleမြင်ပြီး တိမ်တမံ မန်နေဂျာဖြစ်နေတဲ့ မွှေးရနံ့ကြူကို သွားပြောရင် .... သေမှာ။ Kyleအတွက် ပန်းဇလပ်ဝါက သေသူဖြစ်သွားမှာ၊ ပြီးတော့ မွှေးရနံ့ကြူလက်ထဲ ပန်းဇလပ်ဝါ အသက်ထွက်နိုင်သည်။

Maskကို ပြန်ကောက်တပ်ကာ Kyleကွန်ဒိုသို့ အပြေးနှင်ရ၏။

*****

တိမ်တမံနှင့် အဆင်ပြေသလိုလို ရှိပြီးနောက် Kyleက ရက်ပိုင်းအတွင်း ထွက်ရှိမည့် သူ့အယ်ဘယ်အတွက် စိတ်အာရုံအပြည့် နှစ်ရတော့သည်။ အယ်ဘယ်ရောင်းအားကောင်းရန် Promotionအသားကုန် ဆင်းရမှာဖြစ်ပြီး မြို့တွင်းသာမက နယ်ဘက်က ပရိသတ်တွေကို တွေ့ဆုံရန် PROက စီစဉ်နေသည်။ ရှေ့လျှောက် အားလပ်မှာ မဟုတ်။

ဒီနေ့တောင် PROမှာ တစ်နေကုန်နေရပြီး မိုးချုပ်မှ ကွန်ဒိုကို ပြန်ရောက်သည်။ လူသိရှင်ကြားဖြစ်လျှင် PROဂုဏ်သိက္ခာရှိနေ၍ တိုးတိုးတိတ်တိတ် Zylenကို အဆမတန် လျော်ကြေးငွေပေးပြီး ပြဿနာကို အရှည်တွေမလုပ်ရန် ဒေါ်လေးငယ် ဆုံးဖြတ်ခဲ့သည်။

ChillDonde viven las historias. Descúbrelo ahora