မင်း ... အချစ်တွေကို နားလည်ခဲ့ပြီး ~~~ အခုတော့ မင်းရှေ့ကို ~~~ အပြေးလေးလှမ်းကာ ကိုယ် ~~ ရောက်ခဲ့မယ်ဆို ~~~ တကယ်ဆို ဘယ်သူက မှားလဲ ~~~ နှလုံးသားက ဝန်ခံချင်နေသေးလည်း ~~~ အဝေးမယ် ... ဟိုး အဝေးမယ် ~~~ ဘဝမှာ အိမ်ပြန်ချိန်တွေ နောက်ကျမှာစိုး ~~~~
အမျိုးသမီးတေးသံရှင်တစ်ဦး၏ ဆွဲဆွဲငင်ငင်ဆိုနေသော သီချင်းသံသည် အခန်းထဲ တိုးတိုးကလေး ထွက်ပေါ်နေသည်။ သဘာဝတရားနှင့် ထိတွေ့ပါစေဟု ဆန္ဒဖြင့် ဒေါ်လေးငယ်က သူ့အတွက် ပြတင်းတံခါးများ လှပ်ထားခဲ့၏။ အပြင်က တိုးဝင်လာသော လေပြေသည် ပြတင်းပေါက်လိုက်ကာစအဖြူရောင်အား မကြာခဏ လှုပ်ခတ်စေသည်။
ဆွေးမြေ့ဖွယ်ကောင်းသော သီချင်းသံတိုးတိုးမှ အပ အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။ ကုတင်ထက် အချိန်အတော်ကြာ ငုတ်တုတ်ထိုင်နေသော ကျောပြင်ကျယ်သည် နေပျောက်ထိုးခံရသော အလှပန်းအိုးကဲ့သို့ မတုန်မလှုပ် ရှိနေဆဲ။
ဟိုတုန်းကလိုများ ~~~ အချစ်ရေ ကိုယ့်ကို ချစ်သေးလား ~~~ နှလုံးသားက ကြင်နာခြင်းတွေ ခံစားရတာ ~~~ ဟိုတုန်းက ရင်ခုန်ခြင်းတွေ ~~~ ကိုယ့်အပေါ် ရှိသေးလား ~~~
ပါးပြင်ထက် လိမ့်ကျလာသော မျက်ရည်ကြည်ပေါက် ဆေးရုံလူနာအင်္ကျီပေါ် စိုစွတ်ခါမှ ရှိုက်သံငင်လာသည်။
တဖြည်းဖြည်းနဲ့ အိမ်ပြန်လမ်းပေါ် ~~~ ကိုယ့်နှလုံးသားမှာ ခံစားရလာ ~~~
စားပွဲပေါ် စာရွက်စာတမ်းများထည့်ထားသော အညိုရောင်စာအိတ်နှင့် အဖြူရောင်စာအိတ်ငယ် နှစ်စောင် တင်ထားသည်။ ထို့အပြင် ဘောပင်နှင့် ဗလာစာရွက်၊ ဓားတစ်ချောင်း ရှိနေသည်။ အရင်ဆုံး ဘောပင်ကို ကိုင်လိုက်၏။ စာရွက်ဖြူပေါ် စာတစ်လုံးချင်းစီ သူရေးနေရင်း မျက်ရည်များ ဖြေဆည်မနိုင် ကျလာသည်။
အားလုံးက သူ့အပြစ်များ၊ သူ့အမှားများ။ အရာရာနိမ့်ကျခဲ့သော ခိုင်မြဲနှောင်၏ သိမ်ငယ်စိတ်များသည် Kyle ဖြစ်သွားသည့်တိုင် မပြောင်းလဲ။ ရုပ်ရည်၊ နောက်ခံ၊ အင်အား ပြည့်စုံလာသောအခါ ပို၍ကောင်းမွန်သော ဘဝတစ်ခု ထူထောင်ရမည့်အစား တစ်ချိန်က သူရှုံးနိမ့်ခဲ့သမျှအား ယှဉ်ပြိုင်ခဲ့သည်။ တုပယူခဲ့သည်။
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020