THE END

4.6K 384 207
                                    

"ဘာကြောင့် ဒီလို ဆုံးဖြတ်လိုက်တာလဲ ... မေးခွင့်ရှိမလား"

ကောင်းကင်ယံသို့ ထိုးတက်သွားသော လေယာဉ်။ တိမ်တွေကြားထဲ အမှုန်အမွှားသေးသေးလေးမှ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်အထိ မြေပြင်ပေါ်ကနေ မော့ငေးကာ ရပ်စောင့်ကြည့်နေသော လူနှစ်ယောက်။ အရပ်ပုပုလူငယ်ကလေးက အမေးရှိလိုက်သည်။

ထိုအခါ အရပ်ရှည်ရှည် ယောက်ျားပီသသော မျက်နှာ၊ တောင့်တင်းသော ခန္ဓာကိုယ် အချိုးအစား ပိုင်ဆိုင်ထားသည့် အမျိုးကောင်းသားသည် စတိုင်ဘောင်းဘီအိတ်ကပ်ထဲ လက်တစ်ဖက်လျှိုသွင်းပြီး ငဲ့ကြည့်လို့လာ၏။ အမည်းရောင်မျက်မှန်အောက်ရှိ မျက်ဝန်းတို့ ရီဝေနေမည်လား၊ ကြည်လင်နေမည်လား ကာယကံရှင်သာ သိနိုင်သည်။

နှုတ်ခမ်းစွန်းနှစ်ဖက်က ကော့တွန့်ကာ ပြုံးနေလျက်။

"ဘာကိုလဲ"

"အရာအားလုံး လက်ထဲ ရောက်လာပြီးမှ ဘာကြောင့် ခွဲဝေပေးလိုက်တာလဲ"

ထိုအမျိုးသားက ပခုံးတွန့်ကာ မခို့တရို့ပြုံး၏။

"လျော်ကြေးရဖို့ ကျန်သေးတာကိုလည်း လျှော်ပေးလိုက်တယ် ကြားတယ် ... လက်ဖွဲ့လား"

"......"

မည်သည့်အဖြေမှ မပေးဘဲ တပြုံးပြုံးဖြစ်နေသော လူကို အသည်းယားလာ၏။ တိမ်တယံသည် သူ့မျက်နှာကို မကြည့်တော့ဘဲ အဝေးတစ်နေရာသို့ မျက်လုံးများ ရွေ့လိုက်၏။

"ခုနှစ်နှစ်ကျော် သက်ဆိုင်ခဲ့သူကို လက်လွှတ်ပေးလိုက်တဲ့ အစ်ကိုသော်ရင်ထဲတော့ မသိဘူး၊ ဒီရင်ဘတ်ထဲတော့ ဟာနေတယ် ... အခန်းလွတ်ကြီးလိုပဲ၊ သူနဲ့တစ်မြေတည်း အတူရှိနေတာ မဟုတ်တော့ဘူး အသိက ဟာတာတာကြီး"

တိမ်တယံသည် ရင်ဘတ်အင်္ကျီစကို ဆုပ်ကိုင်၍

"ဘယ်တုန်းကမှ မသက်ဆိုင်ခဲ့ဘူး ... အချိန်အားရင်တော့ နင့်နင့်သီးသီး လွမ်းဆွတ်မိမယ် ထင်တယ်... သူက တိမ်တယံ ပထမဆုံး ရင်ခုန်ခဲ့တဲ့ ယောက်ျားဖြစ်လို့ ... ရှေ့လျှောက် အချိန်မအားအောင် အလုပ်တွေ အများကြီးလုပ်ရတော့မှာပဲ"

တယံ ခံစားချက်ပါပါ ရေရွတ်မိသည်။ သူက လက်မှာပတ်ထားသော နာရီအား ငုံ့ကြည့်ပြီး အချိန်များများမပေးနိုင်သည့် အလောတကြီးပုံစံမျိုးဖြင့်

ChillWhere stories live. Discover now