တစ်ပတ်တိတိ ကျောင်းရော ကျူရှင်ရောမသွားဖြစ်ဘဲ အိမ်မှာနေရင်း ခိုင်မြဲနှောင် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နေတယ်။ သူစိတ်သောကရောက်နေတာ တိမ်တမံကြောင့်ဖြစ်ရင် တိမ်တမံအပေါ် သူထားတဲ့စိတ်ကို အဖြေထုတ်ရတော့တယ်။
သူဟာ တိမ်တမံကို ချစ်နေတယ်။ အတန်းထဲကကောင်တွေ ကောင်မလေးတွေကိုချစ်သလိုမျိုး သူဟာတိမ်တမံကို ရည်းစားလို ချစ်နေတယ်။ တိမ်တမံက ကောင်မလေးတော့မဟုတ်ဘူးပေါ့။ ဒါကြောင့် သူငြင်းဆန်ခဲ့ပါသေးတယ်။ ဒါပေမဲ့ တိမ်တမံနဲ့ပတ်သက်ပြီး နောက်ဆက်တွဲလာတဲ့ သူ့စိတ်ကောင်းခြင်းဆိုးခြင်းတွေဟာ ကောင်လေးနဲ့ကောင်မလေးကြားက မရိုးသားတဲ့အချစ်မျိုးကြောင့်ပဲဖြစ်တယ်။
တိမ်တမံက ကောင်လေးတစ်ယောက်ဖြစ်ပေမဲ့ ခိုင်မြဲနှောင်ဒီလိုချစ်မိရခြင်းအတွက် ထိုက်တန်လွန်းနေတယ်။ ကောင်မလေးတွေ အများကြီးကို တိမ်တမံတစ်ယောက်နဲ့ မလဲနိုင်ဘူး။ ခိုင်မြဲနှောင်ကို ဘယ်ကောင်မလေးမှ တိမ်တမံလို အချစ်မဖန်တီးပေးနိုင်ခဲ့ဘူး။
ခိုင်မြဲနှောင်ဟာ ဘယ်ကောင်မလေးအပေါ်မှ နှုတ်စကားအဖြစ်တောင် ဒီလိုချစ်ခြင်းမျိုးနဲ့ မစနောက်ဖူးဘူး။ တိမ်တမံတစ်ယောက်တည်းကိုသာ ဗဟိုပြုလို့ သူချစ်ခြင်းတို့ဖြစ်တည်ရခြင်းအတွက် ကျေကျေနပ်နပ်ကြီးပဲ လက်ခံလိုက်တော့တယ်။
တိမ်တမံကို သူတော်တော်ချစ်နေတယ်။
ကိုယ့်စိတ်နဲ့ခိုင်းနှိုင်းလို့ ကိုယ့်အတွေးတွေက ရိုင်းစိုင်းကုန်တယ်။ တိမ်တမံနဲ့ဆရာယသော်ကို ခိုင်မြဲနှောင်ဘယ်လိုမှ ဘဝင်မကျနိုင်ဘူး။ ဆရာတပည့်ဆက်ဆံရေးဖြစ်နေပေမဲ့ ကိုယ့်စိတ်နဲ့နှိုင်းမိလို့ တိမ်တမံနဲ့ဆရာယသော်ကို ရိုးသားစွာ မရှုစိမ့်နိုင်ခဲ့ဘူး။
မိုးကြိုးပစ်ခံရမှာတောင် ကြောက်ရတယ်။ ရင်ထဲ ပြည့်ကြပ်နေပေမဲ့ သူများကိုရင်ဖွင့်မတိုင်ပင်နိုင်ဘူး။ ကိုယ့်စိတ်နဲ့ကိုယ့်ဘာသာကိုယ် ရှက်နေရတယ်။ ပြစ်မှားမိတာတွေ များလွန်းလို့ ဆရာယသော်မျက်နှာကို သူစေ့စေ့မကြည့်ရဲဘူး။
တိမ်တမံက သူ့ကို အချစ်ဖြင့် ငြိမ်းအေးစေတယ်။ ဆရာယသော်က ပညာသင်ပေးနေတဲ့ ဆရာဖြစ်လို့ သူရိုသေရမယ်။ နှစ်ယောက်လုံးကို သပ်သပ်ခွဲထားသ၍ အဆင်ပြေနေပေမဲ့ နှစ်ယောက်ပေါင်းမိရင် ခိုင်မြဲနှောင်ကို အကုသိုလ်တွေချည်း ပေးနေတယ်။
YOU ARE READING
Chill
RomanceThis story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ်ဘ UNICODE မယုံမရှိနဲ့ ... တိမ်တမံရဲ့ ကျရှုံးခြင်းတွေက ခင်ဗျားကနေ စတင်တယ် Cover Photo crd D Day 11~7~2020