67

1.9K 338 33
                                    

"ပါတီလည်း ပြောသေး သောက်စရာလည်း မပါ ဘယ်လိုပါတီမျိုးလဲ"

"သောက်ပြီး ဘာမှမသိတော့လို့ Zylen ဘယ်လိုဖြစ်သွားလဲ သင်ခန်းစာမရဘူးလား"

Kyleပြောမှ အားလုံး ပါးစပ်ပေါက်ပိတ် အအေးခွက် ကိုင်တော့၏။ Kyleသည် PRO Ent;လက်အောက်ရှိသော စီနီယာ၊ ဂျူနီယာ အနုပညာရှင်အားလုံးအား Groups chatမှ စည်းရုံးဖိတ်ခေါ်ကာ ဆုံတွေ့ရန် တစ်ဆိုင်လုံး အပြတ် ငှားထားသည်။ သူတို့အချင်းချင်း အရေးပေါ်ဆိုလျှင် အထက်လူကြီးမသိစေရပါဘဲ မပျက်မကွက် လာတတ်ကြသည်။

"Kyle က ဘာပြောမှာလဲ၊ အဘွားကြီးက comebackကို ဘယ်သူတွေအတွက် ဦးစားပေးမှာလဲ သိထားလို့လား"

အဖွင့်စကားကြောင့် အားလုံး စိတ်ဝင်စားသွားကြသည်။ Kyleပြောမှာက ထိုအကြောင်းမဟုတ်။

"ကျွန်တော်တို့ အားလုံး အဉ္ဇလီမွေးနေ့ပါတီမှာ ရှိခဲ့ကြတယ်မလား"

"...."

"ပွင့်ပွင့်လင်းလင်း ပြောရအောင် .. Zylenက မလီကို ကျူးလွန်တယ်ဆိုတာ မဖြစ်နိုင်မှန်း အားလုံးသိကြတယ်မလား"

မျက်နှာလွှဲသွားကြပြီး ငြင်းဆိုသူ မည်သူတစ်ဦးတစ်ယောက်မှ မရှိ။

"ပါတီက အခြေအနေတွေအားလုံး ကျွန်တော်တို့ မြင်ခဲ့ သိခဲ့ကြတယ်လေ၊ ပွဲလယ်ခေါင်မှာပဲ Zylen ခေါင်းမထောင်နိုင်အောင် လဲသွားတာ"

"..."

"ဒါ စွပ်စွဲချက်ပဲ မဟုတ်မမှန်တဲ့ လုပ်ကြံစွပ်စွဲချက်"

"...."

"ကျွန်တော်တို့ ဒီအတိုင်းပဲ နှုတ်ဆိတ်နေကြတော့မှာလား"

"နှုတ်မဆိတ်တော့ရော ငါတို့ လုပ်နိုင်တာ ဘာရှိလဲ၊ ငါတို့ကိုယ်တိုင်က ပရိသတ် အားပေးထောက်ခံမှုနဲ့ ရပ်တည်နေကြတဲ့ အနုပညာရှင်ဖြစ်ပြီး အင်တာတိန်းမန့်ရဲ့ ထိန်းချုပ်မှုအောက် ရှိနေတဲ့ အရုပ်လေးတွေပဲ၊ အခုချိန် အပြင်ထွက်လိုက်ရင် အားလုံးက Zylenကို အပြစ်တင်နေကြတဲ့ လူတစ်သားတည်းပဲရှိတယ်၊ သူတို့နဲ့ကန့်လန့်တိုက်ပြီး ငါတို့က Zylenဘက်က ရပ်တည်ကာကွယ်လိုက်ရင် ပရိသတ်တွေ မုန်းမှာ၊ သူတို့ရဲ့မြှားဦးက ငါတို့ဘက် လှည့်လာမှာ၊ ဘယ်သူမှတော့ သူများပြဿနာ ကိုယ့်ပြဿနာမဖြစ်ချင်ဘူး၊ ငါတို့ Zylenမတရားမှုအတွက် ခံပြင်းပါတယ်ဆိုဆို သူ့ပြဿနာက ငါတို့ပြဿနာဖြစ်လာမှာ မလိုလားဘူး"

ChillWhere stories live. Discover now