Past Perfect Tense
"ဝင်ခွင့်ပြုပါ"
စာသင်ခန်းထဲ စာသင်နေသည့်ဆရာ မရှိ၍ ကျောင်းသားကျောင်းသူတို့ စကားပြောသံများ ဆူညံနေ၏။ စာသင်မည့်ဆရာပေါက်စသည် Marker Penထဲ မင်ရည်ဖြည့်ရန် ဗီဒီုထဲက မင်ဗူးကို ကုန်းကုန်းကွကွ လိုက်ရှာနေ၏။ ဆူညံနေသောဗလုံးဗထွေးအသံတွေကြားထဲက ကိုယ့်ကိုဦးတည်ခွင့်တောင်းလာသော အသံလေးသည် ကျောနောက်ပါးမှ။
ဗီဒိုအောက်ဆုံးအဆင့် ဘောင်ချာစာအုပ်တွေ အနောက်မှာရှိနေသည့် မင်ရည်ဗူးကို ကသီနိုးနားနိုင်စွာ နှိုက်ယူနေသည့် ဆရာဖြစ်သူသည် အလုပ်မပြီးမပြတ်သေးဘဲ အနောက်လှည့်ကြည့်လာ၏။ ပိန်ပိန်ပါးပါး ဖြူဖြူသွယ်သွယ် ကျောပိုးအိတ်လွယ်ထားသည့် ကောင်လေးတစ်ယောက်။ ဒီစာသင်ခန်း၏ ကျောင်းသားပဲနေမှာပေါ့။
တစ်ချက်ပဲ ကြည့်လိုက်ပြီး
"ဝင် ဝင်"
မပြီးမပြတ်သေးသော မင်ရည်ဗူးကို ဆက်နှိုက်၍ Marker Penထဲ ဖြည့်ရတော့သည်။ "ပညာရွှေအိုး" ရှစ်၊ ကိုး၊ ဆယ်တန်း အထူးကျူရှင်၊ ကျောင်းအိပ်ကျောင်းစားဘော်ဒါဆောင်၊ ညဘက်စာကျက်ဝိုင်းမှ ဘာသာရပ်သင်ကျူရှင်ဆရာတွေကြား အသက်အငယ်ဆုံး ဆရာပေါက်စဖြစ်ပြီး Chemistryဘာသာရပ်ကိုသင်သည်။ သူ့နာမည်က "ယသော်"
အသက်ငယ်သော်လည်း သင်ပုံသင်နည်းကောင်း၍ တစ်နှစ်နှစ်နှစ်အတွင်းမှာပဲ ဒီမြို့နယ်တစ်ဝိုက်က ကျူရှင်စာသင်လောက၌ နာမည်ကြီးသည်။ "ပညာရွှေအိုး"မှာပဲ တက်ရောက်ခဲ့ပြီး ဆယ်တန်းဂုဏ်ထူးနှစ်ဘာသာနဲ့ ရိုးသားကြိုးစား ဆယ်တန်းအောင်လာသော သူ့ကို ဆရာကြီးက သဘောကျ၍ Guideအဖြစ်ခေါ်ရာကနေ အတန်းသင်ကျူရှင်ဆရာဖြစ်လာသည်။
အတန်းဘာသာရပ်သင်ခါစ ဆရာပေါက်စဆိုတော့ မြောက်စွမြောက်စွ။ အသက်သိပ်မကွာသော ကျောင်းသူကျောင်းသားတွေကြား ဒီဆရာ ပဲသိပ်များသည်။ မြီးကောင်ပေါက်အရွယ် စိတ်ကစားတတ်သော တပည့်မလေးတွေ၏ တိတ်တခိုး အချစ်ဦးဖြစ်ရသူ။
ကျောင်းသားတွေနဲ့ အရောတဝင်ရှိသလောက် ကျောင်းသူတွေနှင့် ခပ်ကင်းကင်းနေတတ်သော Chemistryဆရာလေးသည် ရွယ်တူတန်းတူ Guideဆရာမ၊ ကျူရှင်ကစာရေးမလေးတွေနှင့် ရင်နှီးသမှုရှိသောအခါ ကျောင်းသူလေးတွေခဗျ သဝန်တိုရပြန်သည်။
YOU ARE READING
Chill
Romanceစာရေးသူ၏ ခွင့်ပြုချက် မတောင်းဘဲ Audiobook ပြုလုပ်ခြင်း / ဇာတ်လမ်းအစအဆုံး နည်းအမျိုးမျိုးဖြင့် ပြန်လည်ကူးယူတင်ဆက်ခြင်း မပြုလုပ်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည်။ This story book presented by Zawgyi & UNICODE. Zawgyi မယုံမရှိနဲ့ ... တိမ်တမံရဲ့ က...
