အခန်း ၁၈ အသက်ကယ်ကူးပြောင်းခြင်းအစီအရင်

1.7K 211 2
                                    

[Unicode]
အခန်း ၁၈ အသက်ကယ်ကူးပြောင်းခြင်းအစီအရင်

ပထမအကြီးအကဲ၏အပြောကြောင့် အကြီးအကဲဟွမ်းဒေါသအလိပ်လိုက်ထွက်သွားတော့သည်။ “ကျုပ်လဲခဏခဏ မထွက်ချင်နေပါဘူး။ အခုဟာက ဒီနေ့ ဂိုဏ်းနီးခြင်းဖြစ်တဲ့ ယုံကြည်အားထားရာဂိုဏ်းမှာ  ကြင်ဖက်တွေ့မယ်ဆိုပြီး ချိန်းထားလို့။ အခင်းအကျင်းက နဂိုအတိုင်း ဘာမှထူးထူးခြားခြားမရှိဘူးလို့ တွေးပြီး လွယ်လွယ်လေးဖြတ်လို့ရမယ်လို့ထင်လိုက်တာ။ အခင်းအကျင်းက ဒီလောက်အထိအားကောင်းသွားမယ်လို့ ဘယ်သိပါ့မလဲ? ကျုပ်လဲ ချက်ချင်းအထဲမှာ ပိတ်မိသွားတော့တာပဲ!”

ပထမအကြီးအကဲ၏မျက်နှာအမူအရာတို့ တွန့်ရှုံ့သွားတော့သည်။

“မင်းတကယ်ကြီး ကြင်ဖက်တွေ့ဖို့သွားရမှာလား? မင်း ဂိုဏ်းချုပ်ကိုငြင်းချင်လို့ တမင်အကြောင်းပြချက်ပေးလိုက်တယ်လို့ ထင်နေတာ။”

“ဂိုဏ်းချုပ်ကို ငြင်းချင်လို့သက်သက်မဟုတ်ဘူး။ တကယ်ကို ကြင်ဖက်သွားတွေ့ရမှာ။ ပထမအကြီးအကဲ ကျုပ်ကို မြန်မြန်လေးထွက်လို့ရအောင် လုပ်ပါဦး။ ကြင်ဖက်တွေ့ဖို့အချိန် နောက်ကျတော့မယ်။”

“ဂျူနီယာညီလေးဟွမ်း ဘာမှစိတ်မပူနဲ့။ အခုချက်ချင်း ကယ်တင်ပေးမယ်။”

“ကျေးဇူးတင်ပါတယ်၊ ပထမအကြီးအကဲ။”

ပထမအကြီးအကဲ အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ကာ ကိုယ်တွင်းရှိ ဝိညာဉ်စွမ်းအင်များကို လှည့်ပတ်လိုက်သည်။ ထို့နောက် ရှေ့သို့ခြေတစ်လှမ်းတိုးလို့ အကာအကွယ်စည်းထဲဝင်လိုက်လေသည်။

အကာအကွယ်စည်းထဲခြေချလိုက်သည်နှင့် ပထမအကြီးအကဲတစ်ယောက် ချက်ချင်းဆိုသလို တုန်လှုပ်သွားတော့သည်။ ပြင်းထန်လှသည့်ဖိအားကြီးက သူ့ကိုယ်ပေါ်သို့ဖိနှိပ်ထားကာ တစ်ခုခုတော့ မှားယွင်းနေပြီဖြစ်ကြောင်း ခံစားမိသွားစေသည်။

နောက်မှာကျန်ခဲ့သည့် တပည့်ငယ်များမှာတော့ စိုးရိမ်ပူပန်သည့် အမူအရာကိုသာ ပြနိုင်ကြလေသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now