အခန်း ၅၅ ရေ​နွေးအိုးကို မည်းသည်ဟု​ပြောသည့် အိုး...

1.5K 175 4
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးချုပ်ကြီး

စာစဉ် - ၄

အခန်း ၅၅ ရေ​နွေးအိုးကို မည်းသည်ဟု​ပြောသည့် အိုး... 

အလွန်ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ချင်ကျီမော့ ရုတ်တရက် သတိပြန်ဝင်လာသည်။ 

“စကားမစပ်၊ အခု ငါ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေတော့ ငါ့ ဒဏ်ရာကို ကုသဖို့ ဒီ အစီအရင်ကို အသုံးပြုလို့ရတာပဲ။  အဲဒါက နှစ်ဖက်လုံးအတွက် အကောင်းဆုံးဖြစ်မှာမဟုတ်လား?” 

ထိုသို့စဉ်းစားပြီး၊ ချင်ကျီမော့သည် သူမ၏ သိုလှောင်အိတ်ထဲက​နေ ဝိညာဉ်ကျောက်တုံးတချို့ကို ချက်ချင်းထုတ်ပြီး လုရှောင်ယန်၏ ဝိညာဉ်စွမ်းအင်တွေ ကုန်ဆုံးလုနီးပါးဖြစ်​နေသည့် ဝိညာဉ်ကျောက်တုံးများ​နေရာတွင် အစားထိုးကာ အစီအရင်ကို ပြန်လည်အသက်သွင်းလိုက်သည်။ 

နောက်အခိုက်အတန့်တွင် သူမသည် များပြားလှ​သော ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ စုဝေးရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။ 

ဟစ်.. 

ဤအခိုက်အတန့်တွင်၊ ချင်ကျီမော့၏နှလုံးသားသည် လုရှောင်ယန်ကို တမ်းတမှု အစအနများဖြင့် ပြည့်နှက်နေသည်။ 

အစွမ်းထက်လွန်းသည်။ 

သူသည် ဤအခြေခံအကျဆုံး ဝိညာဉ်စုစည်းမှုအစီအရင်ကို​တောင် ဤအဆင့်အထိ လုပ်နိုင်လျှင် သူသည် ဘယ်လောက်​တောင် အစွမ်းထက်သည်လဲ။ 

ထို့အပြင် ထိုအစွမ်းထက်​သော လုရှောင်ယန်သည် သူမ ဒဏ်ရာရ​နေစဉ် အချိန်အ​တော်ကြာအောင် စောင့်ရှောက်​ပေးခဲ့သည်။  ထိုအချက်ကို တွေးမိ​သော် ချင်ကျီမော့၏ လှပသည့်မျက်နှာသည် မထိန်းနိုင်ပဲ နီရဲသွားသည်။ 

လုရှောင်ယန်သည် ချင်ကျီမော့ နိုးနေပြီဖြစ်ပြီး သူမ၏ဒဏ်ရာများကို ကုသရန်အတွက် သူ၏ စိတ်ဝိညာဉ်စုစည်းမှု အစီအရင်ကိုပင် အသုံး​ပြုနေကြောင်း  မသိပေ။ 

ထိုသို့ဖြစ်မည်ကိုသာ သူသိပါက၊ စိတ်ဝိညာဉ်စုစည်းမှုအစီအရင်ကို သူသေချာပေါက် ဖျက်ဆီးပစ်မည်ဖြစ်သည်။ 

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးHikayelerin yaşadığı yer. Şimdi keşfedin