[Unicode]
အပိုင်း ၁၈၁ မုန်တိုင်းလာနေပြီ.."လုယိ၊ အားလုံးစုဝေးဖို့ အမိန့်ချလိုက်ပါ။ စစ်တပ်ကို ငါကိုယ်တိုင်ဦးဆောင်ပြီး နတ်ဆိုးဂိုဏ်းကို သေတဲ့အထိ တိုက်ခိုက်ချင်တယ်။"
လုယိ အသက်ပြင်းပြင်းရှူရင်း မျက်လုံးများ တောက်ပလာပြီး တောင့်တမှုတွေပြည့်နေသည်။
နောက်ဆုံးတော့ အစ်ကိုအောက်ထျန်းကိုယ်တိုင် တိုက်ခိုက်တော့မယ်ပေါ့။
အစ်ကိုအောက်ထျန်း ကိုယ်တိုင်ကိုယ်ကျ တိုက်သရွေ့ ရှေးလူဝံမျိုးနွယ်သည် သေချာပေါက် အောင်နိုင်မည်ဖြစ်သည်။
နတ်ဆိုးဂိုဏ်းဘက်ကတော့ ကျိန်းသေပေါက် ရှုံးလိမ့်မည်။
သို့သော်လည်း သူမ တွေးနေစဉ် နောက်တစက္ကန့်တွင်ပင် ရှေးလူဝံမျိုးနွယ် တပည့်တစ်ယောက်က ဘိုးဘွားခန်းမအပြင်ဘက်ကနေ ပြေးဝင်လာခဲ့သည်။
"အကြီးအကဲ၊ တစ်ခုခုတော့ ဖြစ်သွားပြီ"
ဖုန်းအောက်ထျန်းသည် အေးစက်စွာ အကြည့်ကို ပို့လိုက်ပြီး အေးစက်သော အလင်းရောင်တစ်ခုသည် အရပ်ရပ်သို့ ပစ်ခတ်လိုက်သဖြင့် ထိုတပည့်အား ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
"ထိတ်လန့်စရာ ဘာရှိလို့လဲ။"
တစ်ဖက်သားက ကြောက်ရွံ့တုန်လှုပ်ကာ ပြန်ဖြေလာသည်၊
"စခန်းတွေ ကမောက်ကမ ဖြစ်နေပြီ။ စခန်းတော်တော်များများ ကမောက်ကမ ဖြစ်ကုန်တယ်။ အကြောင်းတစ်ခုခုကြောင့် ဂိုဏ်းသား တော်တော်များများက တစ်ယောက်ကို တစ်ယောက် သတ်နေကြတယ်။"
"သင်ဘာပြောလိုက်တာလဲ?"
ဖုန်းအောက်ထျန်း၏ မျက်လုံးများသည် ကျဉ်းမြောင်းလာသည်။ ခြေလှမ်းတစ်လှမ်းဖြင့် သူ၏ခန္ဓာကိုယ်သည် ချက်ချင်းပင် အဝေးသို့ ရွေ့လျားသွားပြီး ရှေးလူဝံမျိုးနွယ်၏ အနီးဆုံးစခန်းသို့ ရောက်ရှိသွားသည်။
ဤနေရာသည် မတူညီသော ဂိုဏ်းငယ်သုံးခုဖြင့် ဖွဲ့စည်းထားသည်။
သို့သော် ယခုအချိန်တွင် အလွန်ရှုပ်ထွေးလို့နေသည်။
"သတ်~~"
BẠN ĐANG ĐỌC
ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီး
Viễn tưởngပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Action, Adventure, Fantasy ဘာသာပြန် - CHARM. Y