[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၇။ အခန်း ၉၄ မြင်းနက်တွေကိုမရှာခင် တပည့်အရင်ရှာမယ်
ခရမ်းရောင်ငြိမ်းချမ်းရေး တော်ဝင်နန်းတော်၏ အခြေခံအစီအရင်ဖွဲ့စည်းပုံသည် အပြန်အလှန်ချိတ်ဆက်နေပြီး သာမန်လူများက ပြန်ပြုပြင်နိုင်စွမ်းမရှိသည့်အတွက် ပေါ့ပေါ့ဆဆ မထိဝံ့သော်လည်း လုရှောင်ယန်သည် ၎င်းကို လွယ်ကူစွာ ကိုင်တွယ်နိုင်သည်။
သူသည် မူလ အစီအရင်ကို မထိခိုက်စေဘဲ ထပ်တိုး အစီအရင် ဖွဲ့စည်းမှု တည်ဆောက်နိုင်သည်။
ဤသည်မှာ ဆရာဝန်တစ်ဦးသည် လူသား နှလုံး၏ အရှေ့နှင့် အနောက်တွင် နှလုံးခုန်နှုန်းထိန်းစက်ကို ထည့်ခြင်းနှင့် ခက်ခဲမှု တူညီသည်။ နှလုံးခုန်နှုန်းထိန်းစက်ကို နှလုံးနှင့် လုံးဝမထိအောင်လုပ်ရသည်။ ထို့အပြင် ခွဲစိတ်မှုသည် ရင်ဘတ်ကနေ လုပ်ရမည်ဖြစ်သည်။ မဟာကျိုး အင်ပါယာကို မဆိုထားနှင့် လုရှောင်ယန်ကလွဲ၍ တခြားလုပ်နိုင်သူ မရှိပေ။
အခြားထင်ယောင်ထင်မှားအစီအရင်များကိုမူ လုရှောင်ယန်သည် မဆိုင်းမတွပင် တိုက်ရိုက်ဖယ်ရှားလိုက်သည်။
၎င်းတို့အားလုံးသည် တော်ဝင်နန်းတော်၏ အခြေခံအစီအရင်ဖွဲ့စည်းပုံကွန်ယက်ကို မမှီခိုသော အစီအရင်ဖွဲ့စည်းမှုများဖြစ်သည်။
လုရှောင်ယန်သည် အခြေခံအစီအရင်အောက်တွင် သီးသန့်နေရာ အချိန်နှေးကွေးခြင်းအစီအရင်ကို ချလိုက်သည်။ ၎င်းသည် စတင်အသက်ဝင်ပါက ခြံဝင်းအတွင်းရှိ လူတိုင်း အေးခဲသွားသည့်အထိ နှေးကွေးသွားကာ အလွယ်တကူ မလွတ်မြောက်နိုင်တော့ပေ။
သူသည် အခြေခံအစီအရင်တွင် ကောင်းကင်စည်းတံဆိပ်၈ခုရေးဆွဲခြင်းအစီအရင်ကိုလည်း ထည့်သွင်းခဲ့သည်။ ၎င်းသည် ထိန်းချုပ်ခြင်းအစီအရင်ဟု ယူဆနိုင်သည်။
ဤ အစီအရင်နှစ်ခုနှင့်ဆို ဘုရင်ကျီနဉ် ကိုယ်တိုင် လာရောက်ကာ လုရှောင်ယန်ကို တိုက်ခိုက်ရန် ကြိုးစားရင်တောင် လုရှောင်ယန်သည် သူ့ကို အလွယ်တကူ ချုပ်နှောင်နိုင်မှာ ဖြစ်သည်။
ESTÁS LEYENDO
ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီး
Fantasíaပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Action, Adventure, Fantasy ဘာသာပြန် - CHARM. Y