အခန်း ၉၆ ငါမင်း လက်စား​ချေဖို့ကူညီ​ပေးမယ်

1.3K 178 4
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၇။ အခန်း ၉၆ ငါမင်း လက်စား​ချေဖို့ကူညီ​ပေးမယ်

“ဟေး  မင်းအဆင်ပြေရဲ့လား?"

           ယွင်လီကော ထိုင်ချလိုက်ပြီး လီချန်းရှန်၏ မျက်နှာကို ပုတ်လိုက်သည်။  သို့သော်လည်း လီချန်းရှန်က မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ပေ။

 သူသေခါနီးနေပြီ။

 ဓားအရိုးနှင့် ကျင့်ကြံမှု ဆုံးရှုံးပြီးနောက်၊ သူသည် သာမန်လူတစ်ဦးမျှသာ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်သည် တစ်ချိန်က ဝိညာဉ်စွမ်းအင်ဖြင့် သန့်စင်ခံထားရပြီး အာကာပြင်ပြိုကွဲခြင်းအဆင့် ကျွမ်းကျင်သူဖြစ်နေပြီဟူသောအချက်ကြောင့်သာ မဟုတ်ပါက သူသည် သေဆုံးခဲ့တာကြာပြီဖြစ်သည်။

         သို့တိုင်အောင် အချိန်အတော်ကြာ ဖွတ်ဖွတ်ညက်ညက်​ကြေခဲ့ရသော သူသည် နောက်ဆုံးတွင် သည်းမခံနိုင်တော့ဘဲ လုံးလုံးလျားလျား သေဆုံးသွားတော့မည် ဖြစ်သည်။  "သူ့ကို ဆေးတစ်လုံး ပေးလိုက်။"

  ဖုန်းထျန်းယွမ်သည် အနာကျက်ဆေး တစ်လုံးကို ထုတ်ပြီး လီချန်းရှန်၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။

         ဆေးလုံးသည် ချက်ချင်းဆိုသလို သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်လာပြီး ဒဏ်ရာများကို ပြုပြင်ပေးသည့် ချိုမြိန်သော စိတ်စွမ်းအင်အဖြစ် ပြောင်းလဲသွားသည်။  ထိုအချိန်တွင် လီချန်းရှန်သည် သူတို့နှစ်ယောက်ကို ငေးကြည့်ရင်း ဘာမှမထူးခြားတဲ့အမူအရာနဲ့ ပြောလိုက်သည်။

           "ဘာလို့... မင်းတို့ ငါ့ကို ကယ်ခဲ့တာလဲ?"

 ယွင်လီကောက ပြုံးပြီး ပြောသည် ။

           “မင်းကို ကယ်တင်ချင်တဲ့သူက တကယ်တော့ ငါတို့မဟုတ်ဘူး။  အတိအကျပြောရမယ်ဆိုရင် အဲ့ဒါ ငါတို့ရဲ့ဆရာပဲ”

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now