အခန်း ၉၉ ကြောက်လန့်မှု

1.2K 154 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၇။ အခန်း ၉၉ ကြောက်လန့်မှု

"အတုမရှိဘူး....?"

 ကျီဝူရှင်း၏ လေသံမှာ အနည်းငယ် သ​ဘောမကျ​ပုံရသည်။

           "ဝူရှား၊ ငါပြောတာတွေကို မင်းသ​ဘောမကျတာဖြစ်နိုင်ပေမယ့် မင်းရဲ့အစ်ကိုတစ်ယောက်အနေနဲ့ မင်းရဲ့ဆရာက ​တောကြိုအုံကြားက လှည့်လည်ကျင့်ကြံသူတစ်ယောက်ပဲဆိုတာကိုတော့ ပြောချင်တယ်။ သူ့ရဲ့ ကျင့်ကြံမှုဟာ တကယ်ကို မဆိုးဘူးလို့ ဆိုနိုင်ပေမယ့် ... နန်းမြို့တော်မှာတော့ သူက ဘာမှမဟုတ်ဘူး။ အိမ်မှာပြောတာရတယ်။ ဒါပေမယ့် အပြင်ထွက်ပြီး ဒီလို ကြွားလုံးထုတ်ရင် သူများတွေက ငါတို့ခရမ်းရောင် ငြိမ်းချမ်းရေး တော်ဝင်နန်းတော်ရဲ့ မင်းသမီးကို ​လှောင်မှာ စိုးရတယ်။”

            ကျီဝူရှား၏ မျက်ခုံးများ အနည်းငယ် မြင့်တက်လာသည်။

  တစ်ရက်ဆရာဖြစ်ခဲ့ရင် တစ်သက်တာအတွက် ဖခင်တစ်ယောက်ပဲ...။

 ​          လောကတွင် ဆရာတစ်ယောက်၏ ဂုဏ်သိက္ခာသည် အလွန်အရေးကြီးသည်။  တဖက်သူက သူမ အဖေတူအမေကွဲအစ်ကိုဖြစ်ရင်တောင်မှ သူမဆရာကို ပြီးစလွယ်အရှက်ခွဲဖို့ မသင့်​ပေ။

 စိတ်ဝိညာဉ်သန့်စင်ခြင်း တတိယအဆင့် သူမ၏ လက်ရှိ ကျင့်ကြံမှုဖြင့် ကျီဝူရှင်းကို အနိုင်ယူခြင်းသည် ပြဿနာမဟုတ်သည်မှာ သေချာပါသည်။

           သို့သော် ထိုသို့ဖြစ်ခဲ့ပါက၊ သူမသည် သူမ၏ ကျင့်ကြံမှုကို ဖော်ထုတ်ပြီး ကြီးမားသော ရုန်းရင်းဆန်ခတ် ဖြစ်စေနိုင်သည်။ သူမဆရာ ပျော်ရွှင်မည်မဟုတ်​တာလည်း သေချာသည်။

 ထိုအချိန်တွင်၊ ကျီဝူရှား၏ အကြည့်သည် သူမဆရာ၏ အစီအရင်တွင် ကျရောက်လာသည်။

  နောက်အခိုက်အတန့်တွင် တစ်စုံတစ်ခုကို တွေးတောရင်း နှုတ်ခမ်းထောင့်က ကော့တက်လာသည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now