အပိုင်း ၁၇၇+၁၇၈

993 113 6
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၁၂။ အပိုင်း ၁၇၇ လမ်းခွဲကြစို့..

"မင်းဘိုးအေပဲ..."

လုရှာင်ယန်သည် တိုက်ရိုက်ကန်ထုတ်လိုက်ပြီး ယွင်လီကောကို လွင့်ထွက်သွားစေသည်။

သူ တကယ်ကို ဒေါသဖြစ်​နေသည်။

"အတိတ်က မင်းကို ငါဘာတွေသင်ပေးခဲ့တာလဲ မင်းသတိထားပြီး သက်သေအထောက်အထားမချန်ထားရဘူး။ အခု မင်းဘာတွေလုပ်ခဲ့တာလဲ ကြည့်စမ်း။ မင်းကို မစ်ရှင်တစ်ခုဆောင်ရွက်ဖို့ ထွက်သွားခိုင်းတာ မင်းထွက်သွားပြီး ဒီလိုအမှားကြီးကို လုပ်ခဲ့တာ။ နတ်ဘုရားကမ္ဘာက လူအစုအဝေးကြီး ဆင်းသက်လာရင် ငါတို့ ဘယ်လို ခုခံရမလဲ။"

ကျီဝူရှားသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ ဒီလိုဖြစ်လာမည်ဆိုတာ သူမသိသည်။

နတ်ဘုရားကမ္ဘာသည် သေမျိုးကမ္ဘာနှင့်ယှဉ်လျှင် တန်ခိုးကြီးလွန်းလှသည်။ ကြုံရာကျပန်း ပညာရှင်အုပ်စုကပင် သူတို့ကို ချေမှုန်းပစ်နိုင်သည်။

ဒါဆို သူ့ဆရာ၏ ကျင့်ကြံမှု အားကောင်းရင်ကော။

သူသည် တစ်ဦး သို့မဟုတ် နှစ်ဦးကို ခုခံနိုင်သော်လည်း ရာနှင့်ချီသော နတ်ဘုရားဘုံ ကျွမ်းကျင်သူများ ရောက်ရှိလာပါက အဘယ်သို့လုပ်မည်နည်း။

သူ့ဆရာ ဘယ်လို ခုခံနိုင်မည်လဲ။

ယွင်လီကောသည် မြေပြင်ပေါ်တွင် ဒူးထောက်ကာ စကားမပြောဝံ့ပေ။

"ကျွန်​​တော်​ ဒုက္ခရှာခဲ့တယ်တယ်​ဆိုတာ ကျွန်​​တော်​သိပါတယ်​။ ဆရာ ကျွန်​​တော့်​ကို အပြစ်​​ပေးပါ။"

လုရှာင်ယန် ဒေါသအရမ်းထွက်ပြီး ရွှမ်ယွမ်ဓားကို တိုက်ရိုက်ထုတ်လိုက်သည်။

"မင်းကို အပြစ်ပေးရမယ်ဟုတ်လား။ ငါ အခုသတ်မယ်။"

ယွင်လီကောသည် ကြောက်လန့်တကြား တုန်လှုပ်သွားသော်လည်း မျက်လုံးမှိတ်ကာ ရှောင်တိမ်းမသွား​​ပေ။

"ကျွန်တော့်အသက်ကို ဆရာ့လက်ထဲ အပ်ထားပါတယ်။ ဆရာမရှိရင် လီကောက သေသွားတာကြာပါပြီ။ အခု လီကောက ကြီးမားတဲ့အမှားတစ်ခုကို ကျူးလွန်လိုက်တဲ့အတွက် ဆရာက သတ်ချင်တယ်ဆိုရင် လီကောမှာ ညည်းညူစရာအကြောင်းမရှိပါဘူး။"

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now