အခန်း ၄၄ ဆရာက ဒီမှာပဲ

1.5K 208 1
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးချုပ်ကြီး

စာစဉ် - ၄

အခန်း ၄၄ ဆရာက ဒီမှာပဲ 

“အမ်၊ အကြီးအကဲဟွမ်း စကား ကောင်းကောင်း ပြောကြရအောင်လား။ တိုက်ခိုက်တာတွေ မလုပ်ပါနဲ့။ ငါ့ခန္ဓာကိုယ်သေးသေးလေးက မင်းကို ခုခံနိုင်မှာမဟုတ်ဘူး။" 

လောင်ဟွမ်း မျက်မှောင်ကြုတ်သွားလေသည်။ 

"ဘာကိုပြောနေတာလဲ? ငါကမင်းကိုဘာလို့တိုက်ခိုက်ရမှာလဲ? ကျေးဇူးတောင် တင်ရဦးမှာကို။” 

လီတောက်ယန်: "....." 

သူ၏ စိတ်ရှုပ်ထွေးသွားသောအမူအရာကိုမြင်ပြီး အကြီးအကဲဟွမ်း တဟားဟားအော်ရယ်လိုက်ကာ “တချွမ်နဲ့ ပေါင်းဆုံခွင့်ရတာ အားလုံး မင်းရဲ့ ကျေးဇူး​ကြောင့်ပဲ။ နောက်မှ မင်းကို ကောင်းကောင်း ကျေးဇူးတင်ရမယ်။" 

လီတောက်ယန်၏ မျက်နှာသည် မထိန်းနိုင်ဘဲ အကြီးအကျယ်ရှုံ့တွလို့သွားကာ "ဟမ်?.. အကြီးအကဲဟွမ်းက ဒီရုပ်ဆိုးပြီး ယောက်ျားဆန်တဲ့ အဘွားကြီးနဲ့ တွဲနေတာ များလား?" 

လောင်ဟွမ်း၏ အမူအရာမှာ ချက်ချင်း အေးစက်သွားတော့သည်။ "ဘာအဘွားကြီးလဲ? အဲဒါ ငါ့ရဲ့ အဖိုးတန် ချစ်စရာ ၊ ဇီးချိုချဉ်​လေး.. ငါတို့အိမ်ထောင်ရေးဖြစ်မြောက်အောင် မင်းလုပ်ခဲ့တဲ့​ကျေးဇူးနဲ့ ဒီတစ်ခါတော့ မင်းကို​ဗွေမယူဘူး။ အနာဂတ်မှာ သူ့အကြောင်း အဲ့လိုမျိုး မပြောနဲ့။" 

လီတောက်ယန် လုံးဝ မှင်သက်နေတော့သည်။ မူလက လောင်ဟွမ်းကို ကြံစည်ချင်ခဲ့ခြင်း ဖြစ်သော်လည်း လောင်ဟွမ်းနှင့် ကျန်းတချွမ်သည် တစ်ယောက်နှင့်တစ်ယောက် သဘောကျနှစ်ခြိုက်သွားလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့မိပေ။ 

သူသည် လောင်ဟွမ်းကို အခန်းရဖို့ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၉၉၈ တုံးကိုတောင် သုံးခဲ့ရသော်လည်း ယခုမူ သူ အများကြီးဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ 

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးNơi câu chuyện tồn tại. Hãy khám phá bây giờ