အခန်း ၄၁ အကာအကွယ်အခင်းအကျင်းဆိုင်ရာ စုဝေးပွဲ...

1.6K 199 2
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးချုပ်ကြီး

စာစဉ် - ၄

အခန်း ၄၁ အကာအကွယ်အခင်းအကျင်းဆိုင်ရာ စုဝေးပွဲ...

လုရှောင်ယန် ထိုင်ပြီးနောက်တွင် ဂိုဏ်းချုပ်က စကားစပြောလာခဲ့သည်။

"ငါလူတိုင်းကို ဘာလို့ဒီမှာစုခိုင်းလဲဆိုတာ အားလုံးသိပြီးသားဖြစ်မယ်လို့ ငါယုံကြည်တယ်။"

အကြီးအကဲများစွာက ခေါင်းညိတ်ကြသည်။

ဒါနဲ့ ဂိုဏ်းချုပ်ကဆက်ပြီး၊ "အရိုးဖြူနတ်ဆိုးဂိုဏ်းက နေ့ချင်းညချင်း ဖျက်ဆီးခံခဲ့ရတယ်။ ဂိုဏ်းသားတစ်ယောက်မှတောင် မလွတ်မြောက်ခဲ့ဘူး။ တောင်တစ်ခုလုံးတောင် ပြိုကျသွားခဲ့တာ။"

ထိုစကားကို ပြောပြီးသည်နှင့် ခန်းမထဲတွင် အာမေဋိတ်သံများစွာ ထွက်ပေါ်လာသည်။

အကြီးအကဲတိုင်း ထိုအကြောင်းကို သိထားကြသည်မဟုတ်ပေ။

ထိုအကြောင်းကို သိထားသူများသည်လည်း ပြန်ကြားရသည့်အခါ သူတို့၏ ဦးရေပြားတွေ ထုံကျင်သွားသလို ခံစားလိုက်ရသည်။

ခဏအကြာတွင် ဂိုဏ်းချုပ်သည် ထိုင်ခုံလက်ကိုင်ကို ခေါက်လိုက်သည်နှင့် အားလုံး တဖြည်းဖြည်း စကားပြောတာ ရပ်တန့်သွားသည်။

"ဒီကိစ္စက ဂိုဏ်းပေါင်းစုံကို ထိတ်လန့်စေတယ်။ တစ်ညတည်းနဲ့ အနီးနားမှာရှိတဲ့ ဘယ်ဂိုဏ်းကမှ အရိုးဖြူနတ်ဆိုးဂိုဏ်းကို ဖျက်ဆီးနိုင်စွမ်းမရှိဘူး။ ကြီးမြတ်သောကျိုးအင်ပါယာရဲ့ ပထမတန်းစား ဂိုဏ်းတွေကသာ ဒီလို အရာများကို လုပ်ဆောင်နိုင်ကြတယ်။ ဒါ့အပြင် ဂိုဏ်းကြီးတစ်ခုအား အုံလိုက်ကျင်းလိုက်နဲ့ လာ တိုက်ခိုက်ရင် ငါတို့ ဂိုဏ်းသတိမထားမိစရာမရှိဘူး။"

"ဒါ့ကြောင့်၊ ငါနဲ့ တခြား များစွာသော ဂိုဏ်းချုပ်တွေက အရိုးဖြူနတ်ဆိုး ဂိုဏ်းက အင်အားကြီးသူကို စော်ကားခဲ့ဖွယ်ရှိတယ်လို့ ထင်မြင်ယူဆကြတယ်။ ဒီလူရဲ့ ခွန်အားက ကြီးမားပြီး အနည်းဆုံးတော့ အနှစ်သာရခိုင်မြဲခြင်းအဆင့် ရဲ့ အထက် ကျင့်ကြံသူ ဖြစ်ရမယ်။"

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now