အခန်း ၅၉ ပြဿနာပဲဟေ့

1.4K 186 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ် - ၄

အခန်း ၅၉ ပြဿနာပဲဟေ့ (ဂရု - အခန်း ၁၀၀)

ဝူဖန်းယွင်နှင့် ကောင်းကင်ဓားဂိုဏ်းသားများအားလုံး ဒေါသတကြီး ပြန်သွားကြသည်။

ဂိုဏ်းချုပ်နှင့်တခြားသူများသည် နောက်ကနေ တမင်တကာ အော်ပြောသည်။

"အစ်ကိုဝူ၊ မပြန်ပါနဲ့။  မင်းရဲ့ ရလဒ်တွေ ညံ့နေရင်လဲ ကိစ္စမရှိပါဘူး။ ယှဉ်ပြိုင်ချင်းသာ အဓိကပါ။”

အဝေးကို လျှောက်လှမ်းနေပြီဖြစ်သော ဝူဖန်းယွင်သည် တုန်ယင်လာကာ မြေပြင်ပေါ်သို့ လဲကျလုနီးပါးပင်။  ဤမြင်ကွင်းသည် ဂိုဏ်းချုပ်နှင့် တခြားသူတွေကို ရယ်မောစေခဲ့သည်။

လုရှောင်ယန်သည်တော့ ဂိုဏ်းချုပ်နှင့် အခြားသူများ၏လုပ်ရပ်အပေါ် ပြောစကားစကားပျောက်ရှသွားသည်။

သို့သော်၊ ကောင်းကင်နတ်ဆိုးဂိုဏ်းနှင့် ကောင်းကင်ဓားဂိုဏ်းကြား အာဃာတသည် ကောင်းကင်ဓားဂိုဏ်း၏ ဘိုးဘေးကြောင့် ဖြစ်ခဲ့ရသောကြောင့် သူ ဝေဖန်ဖို့စိတ်မဝင်စားပေ။

သူအခုလုပ်ရမည်မှာ ရှောင်ပိုင်နှင့်ပတ်သက်သော အချက်အလက်အချို့ကို ရှာဖွေရန်ဖြစ်သည်။

“ဂိုဏ်းချုပ်၊ ဒီနေ့ ပြိုင်ပွဲက ပြီးသွားပြီ။  တခြားဘာမှ မရှိရင် ကျွန်တော် ဈေးဝယ်ထွက်ချင်တယ်။"

 ဂိုဏ်းချုပ်က သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

“အဆင်ပြေပါတယ်။  သွားပါ။"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်"

လုရှောင်ယန် ထွက်သွားရန်ပြင်နေစဉ် ဂိုဏ်းချုပ်က သူ့ကို ပြန်ခေါ်လိုက်သည်။

"ရှောင်ယန် ခဏနေဦး။"

လုရှောင်ယန် ရပ်တန့်သွားသည်။

"ဘာဖြစ်လို့လဲ ဂိုဏ်းချုပ်?"

ဂိုဏ်းချုပ်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးပြပြီး သူ့ကို ဝိညာဉ်ကျောက်တုံးတစ်ထုပ် ထည့်ပေးလိုက်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးHikayelerin yaşadığı yer. Şimdi keşfedin