အပိုင်း ၁၉၉ တိုက်ပွဲကိုလက်ခံခြင်း..

774 70 0
                                    

[Unicode]
အပိုင်း ၁၉၉ တိုက်ပွဲကိုလက်ခံခြင်း.. (Paid Group - အပိုင်း 430)

"အာကေရှားဂိုဏ်းကို လုံးလုံး ချေမှုန်းပြီးသွားပါပြီ။ ဒါတင်မကဘဲ အာကေရှားဂိုဏ်းကနေ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ၉၀ ဘီလီယံကျော်ကိုလည်း လုယူခဲ့တယ်။"

"ဘယ်လောက်..."

လုရှောင်ယန်သည် ချက်ချင်း သူ့နားကိုပင် မယုံဝံ့ပေ။

"ဘီလီယံ ၉၀ ကျော်..."

လုရှောင်ယန်:"…"

သူသည် အခြားသူများ၏ ဘိုးဘွားသင်္ချိုင်းများကို လုယက်ရန် အခက်အခဲများစွာကို ကြုံတွေ့ခဲ့ရသည်။ လဝက်ကျော် အလုပ်လုပ်ပြီးနောက် မဟာကျိုး အင်ပါယာရှိ ရှေးဟောင်းသင်္ချိုင်းများအားလုံးကို တူးဖော်လုနီးပါးဖြစ်သည်။ သို့သော် သူသည် ၁၀ ဘီလီယံခန့်လောက်သာ ရရှိခဲ့သည်။ ထို့အပြင် ထိုလက်နက်များနှင့် ပစ္စည်းများသည် ဘီလီယံ ၂၀ ပင် မပြည့်ခဲ့ပေ။

နောက်ဆုံးတွင်၊ ကျီဝူရှန်သည် အာကေရှားဂိုဏ်းကို ပိတ်ပစ်ခဲ့ပြီး ၉၀ ဘီလီယံကျော် ရရှိခဲ့သည်။ ဒါက ဟာသတစ်ခုလား။

" အကြီးအကဲလု ဘာများဖြစ်လို့လဲ "

လုရှောင်ယန် တိတ်ဆိတ်နေတာကို မြင်လိုက်ရ၍ ကျီဝူရှန်၏  နှလုံးသားက ရုတ်တရက် တုန်လှုပ်သွားပြီး အလျင်စလို မေးလိုက်သည်။

လုရှောင်ယန်က သူ့လက်ကို ဝှေ့ယမ်းပြီး "ဘာမှ မဖြစ်ဘူး" ဟု ပြောသည်။

"ကောင်းပါတယ်၊ ဒီမှာ ၉၀ ဘီလီယံ ထိပ်တန်း ဝိညာဉ်ကျောက်တုံးတွေပါ။ အကြီးအကဲ၊ ကျေးဇူးပြုပြီး ယူသွားပါ။"

လုရှောင်ယန်က ခေါင်းညိတ်ပြပြီး သူ၏ တောင်တန်းနှင့် မြစ် ပန်းချီကားထဲကို ထည့်လိုက်သည်။

"မကြာသေးခင်က တစ်ခုခုများ ဒုက္ခရောက်ခဲ့သလား။"

ကျီဝူရှန်က "ဟုတ်တယ်၊ နည်းနည်းတော့ ဒုက္ခရောက်တယ်။ ဧကရာဇ်နန်းတော်ရဲ့ ဘုရင်တချို့၊ အမွေဆက်ခံသူတချို့နဲ့ အရင်ဧကရာဇ်ရဲ့ ယုံကြည်ရတဲ့ လက်ထောက်ဟောင်းတချို့က သိပ်နာခံမှု မရှိဘူး။ သူတို့ကို အမိန့်ပေးဖို့ ခက်တယ်။"

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now