အခန်း ၁၆၀

1.2K 148 3
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး
စာစဉ် ၁၁။ အခန်း ၁၆၀ အဆင့်တက်ခြင်း (ဂရု - အခန်း ၃၁၀)

နာလန်ဟုန်ယွီ တိတ်ဆိတ်သွားပြီး သူမ၏အမူအရာမှာတော့ တုန်လှုပ်ဟန်အပြည့်ပင်။

လွန်ခဲ့သော နှစ်တစ်ထောင်က သူမသည် ဤကမ္ဘာသို့ ကူးပြောင်းလာခဲ့သည်။ သူမ၏ မိသားစုသည် ကျော်ကြားပြီး သူမ၏ အရည်အချင်းမှာလည်း ထူးချွန်သည်။

မူလက သူမသည် ဒဏ္ဍာရီဆန်ဆန် မြင်းနက်တစ်ယောက်ဟု ထင်ခဲ့မိသော်လည်း ကံမကောင်းစွာပဲ သူမဟာ နုံအလွန်းပေသည်။ သူမသည် ဝိညာဉ်ကူးပြောင်းသူမျှသာဖြစ်ပြီး မြင်းနက်တစ်ယောက်တော့ ဖြစ်မလာနိုင်ခဲ့ပေ။

နှစ်ရာနှင့်ချီ၍ ကျင့်ကြီပြီး ဧကရာဇ်အဆင့်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ပြီးနောက်၊ နာလန်ဟုန်ယွီသည် သာမာန်လူတစ်ယောက်အနေနှင့်သာ ဖြစ်နေဆဲပင်။ သူမ၏ ကျင့်ကြံဆင့်က သိပ်မတိုးတော့သလို ရှေ့ဆက်လုံးမတိုးနိုင်တော့ဟုပင် ဆိုနိုင်သည်။

သူမ လျှို့ဝှက်ကောင်းကင်မျှော်စင်သို့ရောက်သောအခါတွင် သူမသည် ဒဏ္ဍာရီဆန်ဆန်မြင်းနက် မဟုတ်ကြောင်း သူမသဘောပေါက်ခဲ့သည်။

သူမ၏ ကံကြမ္မာက သာမန်လူတွေနှင့် အတူတူပင်။

ဤစည်းချက်အတိုင်းဆိုလျှင် သူမသည် နောက်ဆုံးမသေမီ အိမ်ထောင်ပြုပြီး ကလေးယူကာ ဤကမ္ဘာ၏ အလယ်အလတ်လူများကဲ့သို့ ဖြစ်လာမည်ဟု သိရှိလိုက်ရသည်။

ဒါကို သူမ လက်မခံချင်ခဲ့ပေ။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အခွင့်အလမ်းကို သူမကြုံတွေ့ရရန် မလွယ်ကူခဲ့ပါ။ သူမသည် ဤကဲ့သို့ မသေချင်သေးပေ။

ထို့ကြောင့် သူမသည် လျှို့ဝှက်ကောင်းကင်မျှော်စင်တွင် တစ်သက်တာလုံး လျှို့ဝှက်ကောင်းကင်မျှော်စင်၏ ကာကွယ်စောင့်ရှောက်သူထဲမှ တစ်ယောက်ဖြစ်မည်ဟု ကျိန်ဆိုခဲ့သည်။ လျှို့ဝှက်ကောင်းကင်မျှော်စင်မှာ ပြဿနာတစ်ခုခုကြုံလာခဲ့လျှင် သူမဟာ ဘာပဲဖြစ်ဖြစ် ပြန်ပြီး ကာကွယ်ရပေမည်။

ဤအလဲအလှယ်ဖြင့် နောက်ဆုံးတွင် နာလန်ဟုန်ယွီသည် လျှို့ဝှက်ကောင်းကင်မျှော်စင်၏ လျှို့ဝှက်ချက်ကို ရယူခဲ့ပြီး သူမကိုယ်တိုင်အတွက် မြင်းနက်တစ်ယောက်ကို မွေးဖွားပေးခဲ့သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now