အခန်း ၁၀၉ သနားစရာ လီကော

1.2K 147 0
                                    

[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီး

စာစဉ်  ၈။ အခန်း ၁၀၉ သနားစရာ လီကော 

“ကျွန်တော် ဒီ​နေရာကို ရောက်ဖူးတာ အကြိမ်အနည်းငယ်ပဲ ရှိသေးတယ်။ ကျွန်တော့်ကို မလိမ်ပါနဲ့။"

 ယွင်လီကောက လေးနက်သော အမူအရာဖြင့် ပြောသည်။

 နတ်သမီးက သူ၏၏ တံတောင်ဆစ်ကို သူမ၏ရင်ခွင်ထဲသို့ ဆွဲသွင်းကာ အနည်းငယ်တင်းကျပ်စွာ ပွေ့ဖက်လိုက်သည်။ သူမ၏ လေသံသည် ဆိုးနွဲ့စပြုလာသည်။

 “ဆရာ..၊ ရှင်က ဟာသလုပ်တတ်တာပဲ..။  ကျွန်မတို့ အာကေရှားအဖွဲ့က မဟာကျိုး တစ်ခုလုံးမှာ အဖွဲ့ခွဲ​တွေအများကြီး ဖြန့်ကျက်ထားတဲ့ ဂိုဏ်းကြီးတစ်ခုပဲ။ ဘယ်လိုလုပ် လိမ်ညာရမှာလဲ။ ကျွန်မတို့ မလိမ်ဘူးဆိုတာ သေချာတယ်။"

 ယွင်လီကောသည် ချောင်းဆိုးလိုက်ပြီး တစ်ဖက်လူ၏ ရင်ခွင်မှ သူ့လက်ကို ဆွဲထုတ်လိုက်သည်။

 "မေ့လိုက်ပါ။ ငါ့ဆရာကို ကိစ္စတစ်ခုကူညီပေးဖို့လာတာ။ အလုပ်ကိစ္စက ပိုအရေးကြီးတယ်။ နောက်ပြီး ငါစိတ်မဝင်စားဘူး။"

 အဲဒီနောက်မှာတော့ တဖက်သူက သူ့ကို ဘယ်လိုပဲ ဆွဲဆောင်ခဲ့ပါစေ ယွင်လီကောသည် ဆုံးဖြတ်ချက်ခိုင်မာသည်။

 နောက်ဆုံးတွင် ထိုနတ်သမီးများသည် အားကိုးရာမဲ့ကာ အရှုံးပေးရုံသာ ရှိတော့သည်။

 ယွင်လီကော၏ ပင်ကိုယ်စွမ်းရည်သည် အခြားသော အငယ်တန်း ညီအစ်ကို မောင်နှမများလောက် မကောင်းမွန်သော်လည်း သူ၏သန်မာလိုစိတ်သည် အခြားသူများထက် ယုတ်​လျော့မည်မဟုတ်ပေ။

 သူသည် ကိစ္စအားလုံးပြီးမြောက်ပြီး သူ၏ဆရာထံမှဆုများယူရန် စောင့်ဆိုင်းနေသည်။

 သူ၏ဆရာက သူ့ကို နောက်ထပ် သိုင်းဘုရင်အဆင့်ကျင့်ကြံခြင်းနည်းလမ်း သို့မဟုတ် သိုင်းဘုရင်အဆင့်လက်နက် ပေးလျှင်... အဲဒါက ​သေချာ​ပေါက်နတ်သမီးတွေထက် ပိုကောင်းမှာ မဟုတ်ဘူးလား။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now