အပိုင်း ၂၀၁-၂၁၀ (Unicode)

1.4K 114 5
                                    

အပိုင်း ၂၀၁ ဗီလိန်ရဲ့အာဏာက မထိပါး​ကောင်းဘူး။သတ်။

လုရှောင်ယန်:"..."

"ငါစောစောသေမယ်လို့ မင်းမျှော်လင့်နေတာလား။"

"အိုး... မဟုတ်ဘူး၊ ကျွန်​တော် မှားသွားတာ၊ ဆိုလိုတာက... နောင်မှာ ဆရာကြီး ကျွန်​တော်တို့အနားမှာ မရှိတော့ရင်..."

"ဗရမ်းပတာပြောနေတာတွေ ရပ်လိုက်တော့၊ မိန်းမကို အားကိုးချင်ရင်တောင် မင်းညီမငယ်ဆီ သွားစရာ မလိုဘူး မဟုတ်လား၊ မင်းတို့ နှစ်ယောက်က မတူညီတဲ့ မျိုးစိတ်နှစ်ခု​လေ၊ ညတိုင်း အေးစက်နေတဲ့ ခန္ဓာကိုယ်က ပွေ့ဖက်လို့ အဆင်ပြေမယ်လို့ မင်းတကယ်ထင်လား။ သူမဟာ ဖုတ်ကောင်တစ်ကောင်ပဲ။ အရေးအကြီးဆုံးကတော့ သူ့သွားတွေ အရေခွံနွှာခံရမှာကို မကြောက်ဘူးလား။

"ဟစ်~ ဆရာကြီးပြောတာ မှန်တယ်။ အဲဒါဆိုရင် ဂျူနီယာညီမ ဝူရှားကို လိုက်သင့်တယ်ထင်တယ်။"

လုရှောင်ယန်:"..."

ဒီလီကောဟာ အသုံးမကျသည်မှာ အထင်အရှားပင်ဖြစ်သွားလေပြီ။

"မင်းတိုးတက်ရမယ်။ မင်းဟာ ကျီရွှေ့ တောင်ထိပ် ရဲ့ အကြီးဆုံး ဆရာတူအစ်ကိုပဲ။ စိတ်ဓါတ်ကျတဲ့ အခိုက်အတန့်​လေးကြောင့် အရှုံး​ပေးလိုက်လို့မရဘူး။"

"ဆရာ၊ ကျွန်တော် မကြိုးစားတာတော့ မဟုတ်ဘူးဗျ။ ကျွန်တော် ဘယ်လောက် ပင်ပင်ပန်းပန်း လုပ်​နေတယ်ဆိုတာ ဆရာ သိပါတယ်၊ ဒါပေမယ့် ကျွန်တော့်ရဲ့ ကျင့်ကြံမှု တဖြည်းဖြည်း တိုးလာဖို့ တာက ဘယ်လောက် အဆင်မပြေ ဖြစ်လဲ ဆရာမသိဘူး။ ဘယ်​လောက်ပဲ ကြိုးစားပါ​စေ တခြားသူ​တွေကို အမှီမလိုက်နိုင်တာက တကယ့်ကို စိတ်ပျက်ဖို့ကောင်းလွန်းပါတယ်။"

လုရှောင်ယန်က သက်ပြင်းချလိုက်သည်။

ယွင်လီကော၏ ပင်ကိုယ်စွမ်းရည်ကို မြှင့်တင်ရန် မဖြစ်နိုင်ပုံရသည်။

သူ အခြားနည်းလမ်းကို အသုံးပြုရန် ဆုံးဖြတ်ခဲ့သည်။

ယင်းကို ပြောရလျှင် သူသည် ယခုတစ်ကြိမ် လက်ဆောင်အိတ်ငယ်လေးမှ သားရဲထိန်းချုပ်ခြင်းပညာရပ်ကို ရရှိပုံရသည်။ ၎င်းကို တိရစ္ဆာန်များကို ထိန်းချုပ်ရန် အသုံးပြုသင့်သည်။

ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီးWhere stories live. Discover now