[Unicode]
ပြိုင်ဘက်ကင်းအသန်မာဆုံးသခင်ကြီးစာစဉ် ၆။ အခန်း ၉၁ ညဏ်အလင်းပွင့်ခြင်း..
လုရှောင်ယန်၏ စကားကိုကြားသော် အားလုံးသည် မတတ်သာပဲ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။
ခဏအကြာတွင် ဘိုးဘေးအကြီးအကဲက မနေနိုင်၍ သတိထားကာစပြောလာသည်။ "အမ် ဘိုးဘေးသခင်၊ အဲဒါ နည်းနည်း သတ္တိကြောင်တာ မဟုတ်ဘူးလား?"
လုရှောင်ယန် ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"သတ္တိကြောင်တာလား? မင်းငါ့ကိုနောက်နေတာလား? ခုဏက ကိုယ့်ကိုကိုယ် ဖောက်ခွဲဖို့လုပ်နေတဲ့သူက မင်းလား..."
“အိုး…”
အကြီးအကဲ၏ မျက်နှာသည် ချက်ချင်းပင် နီရဲလာသည်။
လုရှောင်ယန်သည် စိတ်ပျက်လက်ပျက်နှင့် ခေါင်းယမ်းလိုက်သည်။
“မင်းတို့အားလုံးက ဦးနှောက်မရှိကြဘူး။ သိုင်းလောကမှာ အသက်ရှင်ဖို့က အရေးကြီးဆုံးပဲ။ လူသေရင် ဘာမှ အသုံးမဝင်တော့ဘူး။ အသက်ရှင်နေမှ သန်မာလာပြီး လက်စားချေဖို့ ပြန်လာနိုင်တယ်။ အဲဒါ မကောင်းဘူးလား? အရိုက်ခံရတာထက်စာရင် ပိုကောင်းတယ်မဟုတ်လား”
လူတိုင်းက ခေါင်းညိတ်သည်။
“ဘိုးဘေးသခင် ပြောတာ မှန်တယ်။”
"ဘိုးဘေးသခင် ပြောတာမှန်တယ်"
“ဘိုးဘေးက အသက်ရှင်နေပြီး တောင်ပေါ်မှာ ဘယ်တော့မှ မပေါ်လာဘူး။ အခု သူက သာမန်ကာလျှံကာ အင်အားပြရုံနဲ့ နတ်ဆိုးဂိုဏ်းရဲ့ ထိပ်သီးတွေကို အနိုင်ယူခဲ့တယ်။ ဒါကမှ ကျင့်ကြံဖို့ အမှန်ဆုံး နည်းလမ်းပဲ။ ယှဉ်ကြည့်မယ်ဆိုရင် ငါတို့က တိုက်ပွဲ ဝင်ဖို့ အရမ်းလောလွန်းတယ်။”
YOU ARE READING
ပြိုင်ဘက်ကင်းအသန်မာဆုံး သခင်ကြီး
Fantasyပြိုင်ဘက်ကင်း အသန်မာဆုံး သခင်ကြီးစနစ် Eng Title - I am such an Expert; Why do I have to take Disciples Author - Wood Easily Starts Fire Genre - Action, Adventure, Fantasy ဘာသာပြန် - CHARM. Y